Myanmar English Dictionary
Single Tone 'ut'
ကတ် ကဒ် ကပ် ကသ် ကျတ် ကျပ် ကြတ် ကြပ် ခတ် ခပ် ချဒ် ချပ် ဂါတ် ဂျတ် ဂျပ် ငတ် စပ် ဆဋ် ဆတ် ဆပ် ဇာတ် ဇာတ်က ဇာတ်ခ ဇာတ်စ ဇာတ်ဆ ဇာတ်ည ဇာတ်တ ဇာတ်ထ ဇာတ်န ဇာတ်ပ ဇာတ်မ ဇာတ်ရ ဇာတ်လ ဇာတ်ဝ ဇာတ်သ ဇာတ်အ ဉတ် ဉာသ် ညပ် ညှပ် တတ် sounds like တတ် တပ် - တပ်င တပ်စ - တပ်န တပ်ပ - တပ်အ ထတ် ထပ် ဒသ် ဒြပ် ဓာတ် - ဓာတ်ငွေ့ ဓာတ်စာ - ဓာတ်နုတ် ဓာတ်ပုံ - ဓာတ်အိုး နတ် နပ် နှတ် နှပ် ပါဌ် ပတ် ပါဒ် ပပ် ပဗ် ပျပ် ပြတ် ပြသ် ဖတ် ဖျတ် ဖျပ် ဖြတ် ဗျဂ် ဗျတ် ဗျပ် ဗြတ် ဗဒ် ဘတ် မတ် မပ် မြတ် မှတ် ယာဒ် ယပ် ရတ် ရပ် ရသ် ရှပ် လတ် လဒ် လပ် လာဘ် လှပ် လျှပ် ဝပ် သတ် - သတ်ည သတ္တ သတ်ထ - သတ်အ သဒ် သပ် သဗ် သသ် သျှတ် ဟတ် ဟပ် အဋ် ဩဋ် ဩတ် အတ် အပ် အဗ် အသ် Back to Dictionary Main Menu-
ကတ် | kut; kut
(1) dislike; hate.
အမြင်ကတ် | a-myin2 kut - cannot see eye to eye.
(2) make things inconvenient or difficult.
တွက်ကတ် | twet kut - refuse to cooperate, play along, contribute or take responsibility.
(3) [English] card, also spelled as ကဒ် | kut.
-
ကတ်ကြေး | kut-kji3 - scissors, a hand-operated shearing tool.
ကတ်ကြေးကိုက် | kut-kji3 gite - pickpocket; cutpurse.
-
ကတ်ကတ်ကုတ်ကုတ် | kut-kut koat-koat - with great difficulty; sparingly; meagerly.
ကတ်ကတ်သတ်သတ် | kut-kut thut-thut - with great difficulty.
-
ကတ်တီးကတ်ဖဲ့ | kut-ti3 kut-pfeare1 - perversely.
-
ကတ္တရသင်္ချေ | kut-ta1-ra1 thin2-chay2 - wax tree (Rhus succedanea).
-
ကတ္တရာ | kut-ta1-ya2 - (1) crinum. (2) tar; coal tar.
ကတ္တရာခင်း | kut-ta1-ya2 khin3 - pave the road with coal tar.
ကတ္တရာစေး | kut-ta1-ya2 zi3 - tar; coal tar.
-
ကတ္တရီ | kut ta1-yi2 - crinum, a species of plant with leafless stems and showy flowers.
-
ကတ္တဝါ | kut ta1-wa2 - cockatoo, a species of bird with prominent crest and curved bill.
-
ကတ္တား | kut-ta3
- (1) [grammar] subject. (2) platform scale used for weighing.
ကတ္တားခြား | kut-ta3 cha3 - make a distinction between different things.
-
ကတ္တီပါ | ga1-de2-ba2 - velvet [Arabic: qatifa].
ကတ္တီပါ တော်လှန်ရေး | ga1-de2-ba2 tau2 hlun2 yay3 - the Velvet Revolution
-
ကတ္တူ | kut-tu2 - a type of sea-going sailing boat.
-
ကတ်ထူ | gut-htu2 - cardboard (ˈkɑːdbɔːd 🔊) .
ကတ်ထူဖုံး | gut-htu2 bone3 - cardboard cover; hard cover.
-
ကတ်ပြား | kut pya3 - card (usually of ID or credit card size card).
ကတ်ပြားဆွဲ | kut-pya3 hsweare3 - tag ID.
ခရီးသွားသေတ္တာဆွဲ အချက်အလက်ကတ်ပြား | kha1-yi3-thwa3 thit-ta2-hsweare3 a-chet-a-let kut-pya3 - luggage tag; baggage tag.
-
ကတ်ဖို | kut-pfo2
ကတ်ဖိုကတ်မ | kut-pfo2 kut-ma1 - box-myrtle; bayberry; kaphal, a species of tree or large shrub that produces edible berries (Myrica nagi).
-
ကတ်သီးကတ်သတ် | kut-thi3 kut-thut
- in a manner that causes inconvenience to others.
-
ကဒ် | kut
- [English] card. E.g., ငွေဖြည့်ကဒ် | ngway2 pfyay1 kut - mobile phone top-up card.