Myanmar English Dictionary
Vowel 'OUN'
ပေါင် - ပေါင်ခ - ပေါင်တ - ပေါင်ပ ပေါင်ဖ - ပေါင်အ ပေါင်း ပေါင်းက ပေါင်းခ - ပေါင်းစ - ပေါင်းပ - ပေါင်းမ ပေါင်းယ - ပေါင်းအ ပျောင်း ပြောင် ပြောင်က - ပြောင်တ - ပြောင်း ပြောင်းက - ပြောင်းရ - ပြောင်းအ ဖောင် - ဖောင်စ - ဖောင်း ဖောင်းက - ဖောင်းဒ - ဖျောင်း ဖြောင် ဖြောင့် ဖြောင့်က - ဖြောင့်အ ဗောင် ဗောင်း ဗြောင် ဗြောင်း ဘောင် ဘောင်း မောင် - မောင်န - မောင်ရ - မောင်း မောင်းက - မောင်းတ မောင်းထ - မောင်းန မောင်းပ - မောင်းအ မြောင် မြောင်း မှောင် မှောင့် မြှောင် မြှောင့် ယောင် - ယောင်ခ - ယောင်မ - ယောင်အ ယောင်း ရောင် - ရောင်န - ရောင့် ရောင်း - ရောင်းတ - ရှောင် ရှောင်း လောင် လောင်း လောင်းက - လောင်းစ - လောင်းအ လျောင်း လှောင် လှောင်း သောင် သောင်း သျှောင် ဟောင် ဟောင်း အောင် - အောင်ခ - အောင်ထ - အောင်ဘ အောင်မ - အောင်မြေ - အောင်ရ - အောင်သ အောင့် အောင်း ဩောင်း Back to Dictionary Main Menu-
ဘောင် | boun2

(1) edge; border; frame. [Less commonly spelled as ပေါင် | boun2.]
မှန်ဘောင်ခတ် | hmun2-boun2 khut - put glass-covered frame (freɪm 🔊) to the picture.
(2) framework as in ဥပဒေဘောင် | u1-ba1-day2 boun2 - legal framework.
(3) realm; domain.
လူ့ဘောင် | lu1-boun2
လူ့လောက | lu1 lau3-ka1
လူ့အဖွဲ့အစည်း | lu1 a-pfweare1-a-si3
လူ့အသိုင်းအဝိုင်း | lu1 a-thine3 a-wine3 - society; human society.
(4) grandmother, more commonly အဘွား | a-pfwa3. This word is rarely used in this sense except ဘိုးစဉ်ဘောင်ဆက် | bo3-zin2 boun2-zet - for generations through the lineage of ဘိုး | bo3 - grandfathers and ဘောင် | boun2)- grandmothers.
-
ဘောင်ကိုက် | boun2 kite - (1) အတိအကျဖြစ်သည်၊ ကွက်တိကျသည် | a-ti1 a-kja1 pfyit dthi2 kwet-ti1 kja1 dthi2 - be exact. (2) ချိန်ခွင်နှစ်ဖက် အလေးညီသဖြင့် ချိန်ခွင်လျှာသည် ချိန်ခွင်၏ အလယ်တည့်တည့်တွင်ရှိသော ချိန်ခွင်ပေါင်အတွင်း၌ တည့်မတ်နေသည် | chain2-gwin2 hna1-pfet a-lay3 nyi2 tha1-pfyin1 chain2-gwin2 sha2 dthi2 chain2-gwin2 e1 a-leare2 teare1-teare1 dwin2 shi1-dthau3 chain2-gwin2-boun2 a-twin3 hnite teare1-mut nay2 dthi2 - scale to be in balance, i.e., the tongue or pointer of the balance scale is exactly within the frame of the fulcrum (ˈfʌlkrəm 🔊) at the center point.
-
ဘောင်ကျော် | boun2-kjau2 - စည်းမျဉ်းချိုးဖောက်သည် | si3-myin3 cho3-pfout dthi2 - break the rules and go beyond acceptable limits.
-
ဘောင်ခတ် | boun2 khut - (1) ဓာတ်ပုံ၊ ပန်းချီကား စသည်တို့ကို ဘောင်သွင်းသည် | dut-pone2 ba1-ji2-ka3 sa1 dthi2 doh1 go2 boun2-thwin3 dthi2 - frame something, such as a picture (ˈpɪktʃər 🔊) or a painting (ˈpeɪntɪŋ 🔊). (2) အကျုံးဝင်သော နယ်ပယ် သတ်မှတ်သည် | a-kjone3-win2-dthau3 neare2-peare2 thut-hmut dthi2 - set limits. (3) စည်းမျဉ်းသတ်မှတ်သည် | si3-myin3 thut-hmut dthi2 - set the rules and determine what is permitted and what is not allowed.
-
ဘောင်ဘင်ခတ် | boun2-bin2 khut - (1) အရည် | a-yay2 - liquid to မငြိမ်မသက်ဖြစ်နေသည် | ma1-nyain2 ma1-thet pfyit nay2 dthi2 - slosh about (slɑʃ 🔊). (2) စိတ်လှုပ်ရှားပြီး ဗျာများနေသည် | sate hloat-sha3 pyi3 bya2-mya3 nay2 dthi2 - be unsettled; be restless; be agitated; be flustered. (3) နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်နေသည် | nine2-ngan2-yay3 ma1-ti2-nyain2-hmu1 pfyit-pau2 nay2 dthi2 - be in political turmoil.
-
ဘောင်ဘင်ဝေ | boun2-bin2 way2 - ပင်လယ်၌ လှိုင်းကြီးနေသည် | pin2-leare2 hnite hline3-kji3 nay2 dthi2 - waves to swell (ˈswel 🔊).
-
ဘောင်ဝင် | boun2 win2 - လူ့အသိုင်းအဝိုင်း၏ ဓလေ့ထုံးစံနှင့်အညီ မူမှန်စွာ နေထိုင်ကျင့်ကြံသည် | lu1 a-thine3 a-wine3 e1 da1-lay1 htone3-zun2 hnin1 a-nyi2 mu2-hmun2 zwa2 nay2-htine2 kjin1-kjan2 dthi2 - conform to the norm (nɔrm 🔊); be according to rules and customs; be admissible; fit in.
ဘောင်ဝင်အောင်လုပ် | boun2-win2 oun2 loat - bring into conformity.
-
ဘောင်သွင်း | boun2 thwin3 - frame a picture (freɪm 🔊).
