Myanmar English Dictionary
Vowel 'INE'
ကိုင် - ကိုင် စ - ကိုင်း (kine3) - ကိုင်း က - ကိုင်း အ ကိုင်း (ghine3) - ကျိုင်း - ကြိုင် - ခိုင် - ခိုင် က - ခိုင် မ - ခိုင်း - ခိုင်း စ - ချိုင် (chine2) - ချိုင် (jine2) - ချိုင့် (chine1) - ချိုင့် (jine1) - ချိုင်း - ဂိုင် - ဂိုဏ်း - ဂိုဏ်း ဂ - ငိုင် - စိုင် - စိုင်း - ဆိုင် - ဆိုင် က - ဆိုင် တ - ဆိုင်း - ဆိုင်း ခ - တိုင် - တိုင် က - တိုင် တ - တိုင် ပ - တိုင် ဖ - တိုင် အ - တိုင်း - တိုင်း က - တိုင်း တ - တိုင်း ထ တိုင်း ဒ - တိုင်း ပ - တိုင်းရင်း - တိုင်းရင်းသား - ထိုင် - ထိုင်း - ဒိုင် - ဒိုင် န - ဒိုင်နိုဆော - ဒိုင် ဗ - ဒိုင်း - နိုင် - နိုင် က - နိုင်ငံ - နိုင်ငံခြားရေး - နိုင်ငံခြားသား - နိုင်ငံတကာ - နိုင်ငံတကာ ပ - နိုင်ငံတော် - နိုင်ငံတော် သ - နိုင်ငံတစ်ဝန်း - နိုင်ငံ သ - နိုင်ငံ အ နိုင်ငံ့ - နိုင် စ - နိုင် ရ - နိုင်း - နှိုင်း - ပိုင် ပိုင် က - ပိုင် န - ပိုင့် ပိုင်း - ပြိုင် - ပြိုင် ပ - ပြိုင်း - ပွိုင့် - ဖိုင် ဖိုင့် - ဗိုင်း - ဗိုင်း ဗ - ဗျိုင်း - ဘိုင် - ဘွိုင် - မိုင် - မိုင်း - မြိုင် - မြိုင် ထ - မှိုင် - မှိုင်း - ယိုင် - ရိုင် - ရိုင်း - ရိုင်း စ - လိုင် - လိုင်း - လိုဏ် - လှိုင် - လှိုင်း - လှိုင်း တ - လွိုင် - ဝိုင် - ဝိုင်း - ဝိုင်း က - ဝိုင်း ပ - ဝိုင်း လ - သိုင်း - သိုင်း ရ - ဟိုင်း - အိုင် အိုင် က - အိုက် အ အိုင့် အိုင်း Back to Dictionary Main Menu-
ကိုင်း | ghine3

(1) handle; frame as in မျက်မှန်ကိုင်း | myet-hmun2 ghine3 - frame of eyeglasses (freɪm 🔊), with different part names.
(2) tree branch (ˈbranch 🔊).
[Also see ကိုင်း | kine3.]
-
ကိုင်းဆက်ကူး | ghine3-hset ku3 - ကိုင်းချင်းဆက်ကာ အပင်မျိုးပွားသည် | ghine3 jin3 hset ka2 a-pin2 myo3-pwa3 dthi2 - graft a branch (ˈgraft 🔊), attach a scion from a plant on a အောက်ခံပင် | out-khan2 bin2 - stock (ˈstäk 🔊) of an another plant.
-
ကိုင်းထောက် | ghine3 htout - (1) ယိုင်နေသော အပင်ကို မလဲစေရန် တုတ်ထောက်ထားသည် | yine2 nay2-dthau3 a-pin2 go2 ma1 leare3 say2-yan2 doat htout hta3 dthi2 - prop up (prɑp əp 🔊) a branch or a plant. (2) ငါးမျှားရန် ငါးမျှားတံကို လူမပါဘဲ ထောက်၍ ချန်ထားခဲ့သည် | nga3 hmya3 yan2 nga1-hmya3-dun2 go2 lu2 (ma1)-pa2 beare3 htout yway1 chan2 hta3 kheare1 dthi2 - catch fish with a fishing rod (ˌfɪʃɪŋ ˈrɑd 🔊) which is set up and left unattended.
-
ကိုင်းထောင် | ghine3 htoun2 - အကောင်ငယ်များကို ဖမ်းရန် ကြိုးကွင်းထောင်သည် | a-koun2-ngeare2 mya3 go2 pfun3 yan2 kjo3-gwin3 htoun2 dthi2 - set up a snare (snɛər 🔊) to catch small animals.
-
ကိုင်းဖျားကိုင်းနား | ghine3-pfya3 ghine3-na3 - (1) သစ်ကိုင်း၏အဖျား | thit-kine3 e1 a-pfya3 - tip of a tree branch (bræntʃ 🔊). (2) နောက်လိုက် ဖော်လံဖား | nout-lite pfau2-lun2-pfa3 - sycophant; minion; lackey.
-
ကိုင်းလွှ | ghine3-hlwa1 - bow saw (ˈbō-ˈsȯ 🔊); frame saw.
