Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမှတ် | a-hmut
(1) ရမှတ် | ya1 hmut - mark; point; score in စာမေးပွဲ | sa2 may3 bweare3 - school examination; exam (ɛgˈzæm 🔊); test, etc..
(2) အိမ်၊ ကျောင်း၊ စက်ရုံ၊ ရပ်ကွက် စသည်တို့၏ နံပါတ် | ain2, kjoun3, set-yone2, yut-kwet sa1 dthi2-doh1 e1 nun2-but - identification number for house, school, factory, ward of town, etc..
(3) အမှတ်သညာ၊ မှတ်ဉာဏ်၊ မှတ်သားထားမှု | a-hmut thin2-nya2, hmut-nyan2, hmut-tha3 hta3 hmu1 - recollection; memory as in အမှတ်မရှိ | a-hmut ma1-shi1 - be forgetful and not learned from previous bad experiences.
(4) အမှတ်သင်္ကေတ | a-hmut thin2-kay2-ta1 - symbol; marking.
(5) မွေးရာပါအမှတ် | mway3-ya2-pa2 a-hmut - birthmark (ˌbʌrθˈmɑrk 🔊).
-
အမှတ်ကြီး | a-hmut kji3 - အာဃာတထားသည်၊ အခဲမကျေဖြစ်သည်၊ ရန်ငြိုးထားသည်၊ အငြိုးထားသည်၊ အငြိုးသိုသည်၊ အမျက်သိုသည်၊ စိတ်မှတ်ကြီးသည်၊ အမှတ်ထားသည် | ah2-ga2-ta1 hta3 dthi2; a-kheare3 ma1-kjay2 pfyit dthi2; yan2-hnyo3 hta3 dthi2; a-hnyo3 hta3 dthi2; a-hnyo3 tho2 dthi2 dthi2; a-myet tho2 dthi2; sate-hmut kji3 dthi2 a-hmut hta3 dthi2 - bear a grudge; [US] harbor [UK] harbour grudge and resentment; having revenge in mind; be unforgiving, implacable, rancorous, spiteful and vindictive.
-
အမှတ်စဉ် | a-hmut-sin2 - ကိုယ်ပိုင်အမှတ်အသားနံပါတ် | ko2-bine2 a-hmut a-tha3 nun2-but - serial number used for identification; ID number, ပို့ဆောင်ရေးတွင် ပို့ကုန်သွင်းကုန်၏ လက်ရှိတည်နေရာကို စောင့်ကြည့်ခြင်း | po1-hsoun2-yay3 dwin2 po1 kone2, thwin3 kone2 e1 let-shi1 ti2-nay2-ya2 go2 soun1-kji1 jin3 - tracking, သိုလှောင်ကုန် ကွပ်ကဲမှု | tho2-hloun2 kone2 koot-keare3-hmu1 - inventory control (ˌɪnvənˈtɔri kənˌtroʊl 🔊), စသည်တို့ | sa1 dthi2-doh1 - etc.. E.g., ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈) | pyi2-dthu1 sit-hmu1-dun3 thin2-dun3 a-hmut-sin2 shit - training for the 8th batch of the military draftees
-
အမှတ်တမဲ့ | a-hmut ta1-meare1 - အမှတ်မဲ့၊ အမှတ်မထင် | a-hmut meare1, a-hmut ma1-htin2
(1) မတော်တဆ | ma1-tau2 ta1-hsa1 - accidentally; inadvertently; unknowingly; unwittingly; unintentionally.
(2) အမှုမဲ့အမှတ်မဲ့ | a-hmu1-meare1 a-hmut-meare1 - unmindfully and go unnoticed.
(3) ပေါ့ပေါ့တန်တန် | pau1-bau1 tan2-dun2 - frivolously; heedlessly.
-
အမှတ်တမဲ့ သတိမထားမိသော | a-hmut ta1-meare1 dtha1-de1 ma1-hta3 mi1 dthau3 - unaware; oblivious; unmindful of.
-
အမှတ်တရ | a-hmut ta1-ya1; a-hmut ta1-ya1
(1) a-hmut ta1-ya1 - အောက်မေ့ သတိရလျက် | out-may1 dtha1-de1-ya1 lyet - in remembrance.
(2) a-hmut ta1-ya1 - နောင်အောက်မေ့ သတိရရန်ဖြစ်သော | noun2 out-may1 dtha1-de1-ya1 yan2 pfyit-dthau3 - for remembrance.
-
အမှတ်တရပစ္စည်း | a-hmut-ta1-ya1 pyit-si3 - souvenir; token; keepsake.
-
အမှတ်တရ ပစ္စည်းရောင်းဆိုင် | a-hmut-ta1-ya1 pyit-si3 youn3 zine2
- souvenir shop.
-
အမှတ်တရလက်ဆောင်ပစ္စည်း | a-hmut-ta1-ya1 let-hsoun2 pyit-si3 - souvenir given as a gift.
-
အမှတ်တံဆိပ် | a-hmut da1-zate - ကိုယ်ပိုင်မူရင်းအမှတ်အသား၊ မူပိုင်မှတ်ပုံတင်ထားသည့် အမှတ်အသား | ko2-bine2 mu2-yin3 a-hmut a-tha3, mu2-bine2 hmut-pone2-tin2 hta3-dthi1 a-hmut a-tha3 - trademark; brand name; label.
