Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမှုတင် | a-hmu1 tin2 - စွဲချက်ကို တရားရုံးသို့ ပေးပို့သည် | sweare3-jet go2 ta1-ya3 yone3 dtho1 pay3 po1 dthi2 - submit a case in court.
-
အမှုတွဲ | a-hmu1-dweare3
(1) တရားရုံး၌ ထားရှိသော အမှုဆိုင်ရာ စာရွက်စာတမ်းများ | ta1-ya3 yone3 hnite hta3 shi1 dthau3 a-hmu1 hsine2-ya2 sa2-ywet sa2-dun3 mya3 - a file containing all related documents of a legal case.
(2) ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ | yone3 loat-ngan3 hsine2-ya2 sa2-ywet sa2-dun3 mya3 - case file kept in office, ဥပမာ၊ ပရောဂျက်၊ ကန်ထရိုက်စသည်တို့ | u1-pa1-ma2, pa1-rau3-jet, kun2-hta1-rite sa1 dthi2-doh1 - for example, that of projects and contracts, etc..
-
အမှုတွဲထိန်း | a-hmu1-dweare3 htain3 - တရားရုံး၌ အမှုတွဲ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းသူ | ta1-ya3 yone3 hnite a-hmu1-dweare3 sa2-ywet sa2-dun3 mya3 go2 sa2-nit da1-ja1 htain3-thain3 dthu2 - record keeper in court.
-
အမှုထမ်း | a-hmu1-dun3 - အစိုးရဝန်ထမ်း | a-so3-ya1 woon2-dun3 - non-gazetted employee serving in a branch of government organization.
-
အမှုထမ်းစာအုပ် | a-hmu1-dun3 sa2-oat - အစိုးရဝန်ထမ်းဆိုင်ရာ မှတ်တမ်းများပါသည့်စာအုပ် | a-so3-ya1 woon2-dun3 hsine2-ya2 hmut-tan3 mya3 pa2-dthi1 sa2-oat - government service book, a file containing particulars of a government employee such as မွေးသက္ကရာဇ် | mway3 thet-ka1-rit - date of birth, ပညာအရည်အချင်း | pyin2-nya2 a-yay2 a-chin3 - qualifications, အဆင့်ဆင့်သော ရာထူးနှင့် လုပ်သက်တမ်း | a-hsin1-zin1 dthau3 ya2-du3 hnin1 loat thet-tan3 - employment history, ခွင့်မှတ်တမ်း စသည်တို့ | khwin1 hmut-tan3 sa1 dthi2-doh1 - leave records, etc..
-
အမှုထမ်းသက် | a-hmu1-dun3 thet - လုပ်သက်နှစ် | loat-thet hnit - years of service as အမှုထမ်း | a-hmu1-dun3.
-
အမှုပတ် | a-hmu1 pup - အမှုတစ်ခုနှင့် ပတ်သက်လာသည် | a-hmu1 ta1-khu1 hnin1 pup-thet la2 dthi2 - incriminate; become implicated in a legal case.
-
အမှုပိတ် | a-hmu1 pate - စွဲချက်ရုပ်သိမ်းသည် | sweare3-jet yoat-thain3 dthi2 - legal case (ˈligəl keɪs 🔊) to be closed (officially ended); police charges to be dropped (stopped pursuing).
-
အမှုပြန်စစ်ခြင်း | a-hmu1 pyan2-sit jin3 - retrial.
-
အမှုပွေ | a-hmu1 pway2 - မကြာခဏ ပြဿနာတက်သည် | ma1-kja2 kha1-na1 pyut-tha1-na2 tet dthi2 - have frequent trouble with the law; have frequent personal problems.
-
အမှုဖြစ် | a-hmu1 pfyit - crime to take place (happen); be involved (connected or entangled) in a legal case.
-
အမှုဖွင့် | a-hmu1 pfwin1 - open a legal case.
