Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမောက် | a-mout
(1) ကြက်မောက် | kjet mout - ကြက်၏ ဦးခေါင်းပေါ်တွင် ရာဘာပြားကဲ့သို့ ထောင်နေသည့် အနီရောင်အသား | kjet e1 u3-goun3 pau2 dwin2 ra2-ba2-bya3 keare1-dtho1 htoun2 nay2-dthi1 a-ni2-youn2 a-tha3 - cock's comb (ˈkōm 🔊); coxcomb; comb of a domestic fowl (ˈkōm 🔊).
(2) ကတ္တဝါ၏ အမောက် | kut-ta1-wa2 e1 a-mout - crest of cockatoo (ˈkɑː.kə.tuː 🔊).
(3) မွမွထောင်ထားသည့် ဆံပင်ပုံစံ | mwa1 mwa1 htoun2 hta3-dthi1 za1-bin2 pone2-zun2 - crest of hair (krɛst 🔊).
(4) မောက်တက်နေအောင် ပုံထားသည့် အပုံ | mout tet nay2 oun2 pone2 hta3 dthi1 a-pone2 - a heap or a pile as opposed to မျက်နှာပြင်ပြန့် | myet-hna1-byin2 byan1 - a flat surface (flæt ˈsʌrfəs 🔊), for example, ပန်းကန်ပြားပေါ်တွင် ထမင်းကို မောက်နေအောင် ခူးထားခြင်း | ba1-gun2-bya3 pau2 dwin2 hta1-min3 go2 mout nay2 oun2 khu3 hta3 jin3 - rice that is heap up high on a plate (hip əp 🔊).
-
အမိုက် | a-mite
(1) မှောင်မည်းနေခြင်း | hmoun2-meare3 nay2-jin3 - pitch darkness.
(2) မောဟ | mau3-ha1 - ignorance.
(3) မိုက်မဲမှု | mite-meare3-hmu1 - foolishness.
(4) လူပြိန်း | lu2-byain3 - layman; unskilled person; ignoramus; naive person; dummy; pinhead; simpleton.
-
အမိုက်စား | a-mite-sa3 - [slang] အလန်းစား | a-lun3-za3 - cool (kul 🔊) in the sense of being fashionable or attractive. E.g., အမိုက်စားစမတ်ဖုန်း | a-mite-sa3 sa1-mut pfone3 - cool smartphone!
-
အမိုက်တိုက် | a-mite tite - မည်းနက်နေသော မိုးတိမ် | meare3-net nay2-dthau3 mo3-tain2 - dark rain cloud.
-
အမိုက်မှောင် | a-mite hmoun2 - မှောင်မည်းနေခြင်း | hmoun2-meare3 nay2-jin3 - pitch darkness.
-
အမိုက်အမဲ | a-mite a-meare3 - လူမိုက်၊ မိုက်မဲသောလူ | lu2-mite, mite-meare3-dthau3 lu2 - a thug; someone who lacks wisdom and makes bad choices in life.
-
အမင်္ဂလာ | ah1 min2-ga1-la2 - ကျက်သရေမင်္ဂလာ ကင်းမဲ့ခြင်း | kjet-tha1-yay2 min2-ga1-la2 kin3-meare1-jin3 - inauspiciousness; unpropitiousness.
-
အမင်း | a-min3 - အနှောင့် | a-hnoun1 - tang (ˈtaŋ 🔊), metallic part of a tool or a knife that is inserted into its handle, such as ဓားနှောင့် | da1-hnoun1 - tang of a knife or a sword (ˈtaŋ 🔊).
-
အမောင် | a-moun2 - လူကြီးက လူငယ်ကိုခေါ်သည့် အသုံးအနှုန်း | lu2-ji3 ga1 lu2-ngeare2 go2 khau2 dthi1 a-thone3 a-hnome3 - term of address from an elder to a young man, similar to မောင်ရင် | moun2-yin2 - လူငယ် ယောက်ျားလေးကို လူကြီး(ကျား) ကခေါ်သော အသုံးအနှုန်း | lu2-ngeare2 yout-kja3-lay3 go2 lu2-ji3 (kja3) ga1 khau2-dthau3 a-thone3 a-hnome3 - term of address to a young man (jəŋ mæn 🔊) by an older man, also ကိုရင် | ko2-yin2. These terms are dated. The word သား | tha3 meaning 'son' is more commonly used today.
