Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမိန့် | a-main1 - order; command ([UK] kəˈmɑːnd [US] kəˈmænd 🔊); official mandate; decree.
-
အမိန့်ကိုနာခံခြင်း | a-main1 go2 na2-khan2-jin3
အမိန့်နာခံမှု | a-main1 na2-khan2-hmu1 - obedience.
-
အမိန့်ကိုနာခံသော | a-main1 go2 na2-khan2-dthau3 - obedient.
-
အမိန့်ကျ | a-main1 kja1 - အထက်မှချလိုက်သည့် အမိန့်ကျလာသည် | a-htet hma1 cha1 lite dthi1 a-main1 kja1 la2 dthi2 - lower ranking personnel to receive official government mandate or military order issued from higher authorities.
-
အမိန့်ကြော်ငြာစာ | a-main1 kjau2-nya2-za2 - notification.
-
အမိန့်ခံ | a-main1 khan2 - အထက်ကို ခွင့်ပြုချက် တောင်းသည် | a-htet go2 khwin1-pyu1-jet toun3 dthi2 - request higher authorities for permission to act on something.
-
အမိန့်ချ | a-main1 cha1 - issue an official decree.
-
အမိန့်ချဝိဘတ် | a-main1-cha1 we1-but - a type of postpositional marker used in making an official decree by the word စေ | zay2.
-
အမိန့်စာ | a-main1-za2 - written order from authorities; writ; judicial writ.
-
အမိန့်တော် | a-main1-dau2 - royal decree.
-
အမိန့်တော်ရ | a-main1-dau2 ya1
(1) [obsolete] အစိုးရခွင့်ပြုချက်ရထားသော လုပ်ငန်း | a-so3-ya1 khwin1-pyu1-jet ya1 hta3-dthau3 loat-ngan3 - licenced operation.
(2) [obsolete] ရှေ့နေ | shay1-nay2 - lawyer; attorney; advocate; solicitor (UK); barrister (UK, Canada and other commonwealth nations); counsel; counsellor; counselor; counselor-at-law; prosecutor; public defender (government appointed lawyer).
-
အမိန့်ထုတ် | a-main1 htoat - issue a legal government order.
-
အမိန့်ပေး | a-main1 pay3 - order.
-
အမိန့်ပြန် | a-main1 pyan2 - သေဆုံးသွားသော အစိုးရအမှုထမ်းကို တာဝန်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အမိန့်ဖတ်ကြားသည် | thay2-hsone3 thwa3 dthau3 a-so3-ya1 a-hmu1-dun3 go2 ta2-woon2 yut-hsine3 lite byi2 pfyit kjoun3 a-main1 pfut-kja3 dthi2 - read out an order stating that the government employee who has died is officially relieved from duties.
-
အမိန့်ပြန်တမ်း | a-main1 pyan2-dun3
(1) အစိုးရအမိန့် | a-so3-ya1 a-main1 - government order or notification.
(2) ဘုရင့်အမိန့် | ba1-yin1 a-main1 - decree by the king.
-
အမိန့်ရှိ | a-main1 shi1 - speak out a request, inquiry or question.
-
အမိန့်အရ | a-main1 a-ya1 - by order.
-
အမိန့်အာဏာ | a-main1 ah2-na2 - authority; power.
