Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမေ့ကောက် | a-may1 kout - သူတစ်ပါး အမှုမဲ့အမှတ်မဲ့နေပြီး သတိလက်လွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူသည် | thu2 da1-ba3 a-hmu1-meare1 a-hmut-meare1 nay2 pyi3 dtha1-de1 let-loot pfyit nay2 dthi2 go2 a-khwin1-goun3 yu2 dthi2 - take advantage of the unguarded moment (ʌnˈgɑrdəd ˈmoʊmənt 🔊) of the other person.
-
အမေ့ဖမ်း | a-may1 pfun3 - same as အမေ့ကောက် | a-may1 kout.
-
အမေ့မေ့အလျော့လျော့ | a-may1-may1 a-yau1-yau1 - out of sight, out of mind.
-
အမေး | a-may3
(1) မေးခွန်း | may3-goon3 - question.
(2) မေးမြန်းခြင်း | may3-myan3 jin3 - [US] inquiry; [UK] enquiry; query.
-
အမေး ကြိယာဝိသေသန | a-may3 ka1-ri1-ya2 we1-thay2-tha1-na1 - interrogative adverb such as "when" and "how" question in relation to the verb. E.g., ဘယ်တော့သွားမလဲ | beare2-dau1 thwa3 ma1-leare3 - When will you go?
-
အမေးတော်ပုံ | a-may3 dau2 bone2 - [dated] ရှင်ဘုရင်၏ မေးခွန်း | shin2-ba1-yin2 e1 may3-goon3 - question or inquiry made by the king.
-
အမေးနာမဝိသေသန | a-may3 na2-ma1 we1-thay2-tha1-na1:
- [grammar] adjective that is a question word. For example, in the question လူဘယ်နှယောက်လာလဲ lu2 beare2 hna1-yout la2 leare3 — 'how many people came?', beare2 hna1-yout - 'how many' asks for the number of people (noun) in the question. Without the noun လူ | lu2, this question word is classified as အမေးနာမ်စား | a-may3 nun2-za3.
-
အမေးနာမ်စား | a-may3 nun2-za3
- [grammar] question pronoun equivalent to "what", "who", "where" in English. For example, in the Burmese question: "What does she like?", "what" refers to "the thing that she likes" (unnamed noun), and it is considered a question pronoun. By the same logic, "where" in the question: "Where did he go?" refers to "the place that he went" (unnamed noun), and it is a question pronoun.
-
အမေးပစ္စည်း | a-may3 pyit-si3 - question particle relating to the verb. E.g., ထမင်းကျက်ပြီလား | hta1-min3 kjet byi2 la3 — Is rice cooked? Listing: လား၊ လဲ၊ အဘယ် -- နည်း၊ တုံး၊ လော၊ စ. [Read more about it.]
-
အမေးပုစ္ဆာ | a-may3 poat-hsa2
(1) မေးခွန်းပုစ္ဆာ | may3-goon3 poat-hsa2 - quiz; exam question (ɛgˈzæm ˈkwɛstʃɪn 🔊); test question (tɛst ˈkwɛstʃɪn 🔊) exercise at the end of the chapter or lesson.
(2) ပဟေဠိ | pa1-hay2-li1 - riddle.
-
အမေးဝါကျ | a-may3 wet-kja1 - interrogative sentence (🔊) that starts with words like ဘယ်၊ ဘာ | beare2, ba2 and ends with words like လဲ၊ လား | leare3, la3.
-
အမေးအစမ်း | a-may3 a-sun3 - စုံစမ်းစစ်ဆေးမှု | sone2-zun3 sit-hsay3-hmu1 - investigation.
-
အမေးအမြန်း | a-may3 a-myan3
(1) စုံစမ်းမေးမြန်းမှု | sone2-zun3 may3-myan3 hmu1 - [US] inquiry [UK also] enquiry.
(2) စစ်ကြောမေးမြန်းခြင်း | sit-kjau3 may3-myan3 jin3 - interrogation.
