Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမူ | a-mu2
(1) [archaic] အမူအရာ | a-mu2-a-ya2 .
(2) အပြုအမူ | a-pyu1 a-mu2 - [US] behavior; [UK] behaviour; manner; attitude; demeanor; mien.
(3) မူရာမာယာ | mu2-ya2 ma2-ya2 - ဟန်ဆောင်ပန်ဆောင် လုပ်သည့် | hun2-hsoun2 pan2-hsoun2 loat-dthi1 - put-on (pretended) မူ | mu2 - behavior with မာယာ | ma2-ya2 - enchanting deception; affected manner; false modesty, အထူးသဖြင့် | a-htu3 tha1-pfyin1 - especially ဟန်ဆောင်ပန်ဆောင် လုပ်သည့် မိန်းမ | hun2-hsoun2 pan2-hsoun2 loat-dthi1 main3-ma1 - of a woman, who fakes and pretends (so as not to appear too desperate); affectation; wiles.
-
အမူကွန်း | a-mu2-goon3 - [archaic] မော်ကွန်း | mau2-goon3 - သမိုင်းဝင်မှတ်တမ်း | tha1-mine3-win2 hmut-tan3 - historical record that is ကမ္ပည်းထိုး၍ မှတ်တမ်းတင်ထားသည် | ga1-byi3 hto3 yway1 hmut-tan3-tin2 hta3 dthi2 - inscribed in ဗိမာန်၊ ကျောက်တိုင် | bate-mun2, kjout-tine2 - the monument သို့မဟုတ် | dtho1 ma1-hote - or သိမ်းဆည်းထားသည် | thain3-hseare3 hta3 dthi2 - kept in the မော်ကွန်းတိုက် | mau2-goon3-dite - archives.
-
အမူကွန်းတင် | a-mu2-goon3 tin2 dthi2 - [archaic] မော်ကွန်းတင်သည် | mau2-goon3 tin2 - chronicle; commemorate.
-
အမူပါ | a-mu2 pa2 - ပြောပုံဆိုပုံ အထက်တန်းကျသည် | pyau3-bone2 hso2-bone2 a-htet-tan3 kja1 dthi2 - etiquette or manner of speaking to be indicative of the high social class of the speaker.
-
အမူအကျင့် | a-mu2 a-kjin1 - စရိုက်၊ အကျင့်စာရိတ္တ | za1-yite, a-kjin1 za2-rate-ta1 - conduct; [US] behavior [UK] behaviour.
-
အမူအယူ | a-mu2 a-yu2 - same as အမူအကျင့် | a-mu2 a-kjin1.
-
အမူအရာ | a-mu2-a-ya2 - ကိုယ်လက်အမူအရာ | ko2-let a-mu2-a-ya2 - gesture (ˈdʒɛstʃə 🔊).
-
အမူအရာပို | a-mu2-a-ya2 po2 - be melodramatic.
-
အမူအရာပျက် | a-mu2-a-ya2 pyet - lose composure.
-
အမူအရာပြ ကြိယာဝိသေသန | a-mu2-a-ya2 pya1 ka1-ri1-ya2 we1-thay2-tha1-na1 - a type of adverb that shows gesture (ˈdʒɛstʃə 🔊), manner, facial expression (ˈfeɪʃəl ɛkˈsprɛʃən 🔊), and [US] behavior [UK] behaviour of human and other living beings. E.g., နှေးနှေးကွေးကွေး hnay3-hnay3 kway3-kway3 - sluggishly (ˈslʌɡ.ɪʃ.li 🔊).
-
အမူးပြေ | a-mu3 pyay2 - sober; sober up after drinking alcohol.
-
အမူးမူးအရူးရူး | a-mu3-mu3 a-yu3-yu3 - incoherently like a drunk.
-
အမူးသမား | a-mu3 dtha1-ma3 - drunkard (ˈdrəŋkərd 🔊), more commonly အရက်သမား | a-yet tha1-ma3.
-
အမူးအမော် | a-mu3 a-mau2 - ခေါင်းမူးခြင်း၊ မူးဝေခြင်း | goun3-mu3 jin3, mu3-way2 jin3 - giddiness; dizziness (ˈdɪz.i.nəs 🔊); lightheadedness (ˈlɑɪtˌhed·əd.nəs 🔊); vertigo, which may be accompanied by ပျို့အန်ချင်စိတ် | pyo1-un2 jin2 zate - nausea (ˈnɑʒə 🔊); queasy feeling.
-
အမူးအရူး | a-mu3 a-yu3 - အလွန်အမင်း လိုချင်တပ်မက်စွာ | a-loon2 a-min3 lo2-jin2 tut-met-zwa2 - madly; with extreme desire.
