Myanmar English Dictionary
Vowel 'A'
အဖ - အဖီး - အဖူး - အဖေ - အဖော - အဖော် ရ - အဖို - အဖိုး တ - အဖက် - အဖတ် - အဖန် - အဖမ်း - အဖုံး - အဖျား - အဖျား ရ - အဖျော် - အဖျက် - အဖျဉ်း - အဖြာ - အဖြူ - အဖြေ - အဖြိုက် - အဖြစ် - အဖြည့် - အဖြုန်း - အဖွေး - အဖွင့် - အဘ - အဘီ - အဘေး - အဘိုး - အဘက် - အဘယ် - အဘွား - Back to Dictionary Main Menu-
အဖတ် | a-pfut
(1) စာဖတ်နိုင်စွမ်း | sa2-pfut nine2-zoon3 - reading skill; ability to read. E.g., အရေး၊ အဖတ်ကော ကောင်းကောင်း ရလား | a-yay3 a-pfut gau3 koun3-koun3 ya1 la3 - Can you read and write well?
(2) စာဖတ်ခြင်း | sa2 pfut jin3 - the act of reading (ˈridɪŋ 🔊).
(3) နူးနပ်ပြီးပျော့သည့် ဟင်းဖတ် အတုံး | nu3-nut pyi3 pyau1 dthi1 hin3-but a-tone3 - a chunk of meat (ˈchəŋk 🔊), etc. in tender or semisolid form.
ညက်ညက်ကြေအောင် ထောင်းထားသော အဖတ် | nyet-nyet kjay2 oun2 htoun3 hta3 dthau3 a-pfut - paste (ˈpāst 🔊), a substance in semisolid state (ˌsɛmiˈsɑlɪd 🔊) which was ညက်ညက်ကြေ | nyet-nyet kjay2 - be crushed to powder or paste by ထောင်း | htoun3 - grinding (graɪnd 🔊).
(4) ပျော့ဖတ် | pyau1-but - pulp such as စက္ကူပျော့ဖတ် | set-ku2 pyau1-but - paper pulp (pəlp 🔊), fibrous material from wood, fiber crops, waste paper, or rags စက္ကူလုပ်ရန် အသုံးပြုသည် | set-kut loat yan2 a-thone3 pyu1 dthi2 - used in making paper.
-
အဖတ်ဆယ် | a-pfut hseare2
(1) သိက္ခာဆယ်သည် | thate-kha2 hseare2 dthi2 - redeem one's reputation.
(2) အပျက်အစီး အဆုံးအရှုံးကြားမှ တတ်နိုင်သလောက်ထုတ်ယူသည် | a-pyet-a-si3 a-hsone3 a-shone3 ja3 hma1 tut-nine2 dtha1-lout htoat-yu2 dthi2 - salvage the loss.
-
အဖတ်တင် | a-pfut tin2
(1) အသားတင်အမြတ် (အနည်းငယ်မျှသာ) ကျန်သည် | a-dtha1-din2 a-myut (a-neare3-ngeare2 hmya1 dtha2) kjan2 dthi2 - be left or not used up with some tangible result or (small amount of) profit.
(2) သားသမီး၊ ရင်သွေးငယ် | tha3 tha1-mi3, yin2-dthway3-ngeare2 - offspring to မသေဘဲကျန်ရစ်သည် | ma1-thay2 beare3 kjan2-yit dthi2 - survive သဘာဝဘေးဒဏ် | dtha1-ba2-wa1 bay3-dun2 - a natural disaster (ˌnætʃ.ɚ.əl dɪˈzæs.tɚ 🔊), ရန်ပြုသော တောရိုင်းတိရစ္ဆာန် | yan2-pyu1 dthau3 tau3-yine3 ta1-rate-hsun2 - predator attack, or ကံဆိုးမိုးမှောင်ကျခြင်း | kun2-zo3 mo3-hmoun2-kja1 jin3 - misfortune.
-
အဖိတ် | a-pfate
အဖိတ်နေ့ | a-pfate nay1 - a day before ဗုဒ္ဓဘာသာ | boat-da1 ba2-dtha2 - Buddhist Sabbath day called ဥပုသ်နေ့ | u1-boat-nay1 - Uposatha day when Buddhist သီလရှင် | thi2-la1 shin2 - nuns (ˈnən 🔊) go around the ရပ်ကွက် | yut kwet - [US] neighborhood; [UK] neighbourhood collecting alms (ˈä(l)mz 🔊).
-
အဖိတ်အစဉ် | a-pfate a-sin2 - waste; spilled food; spillage.
-
အဖုတ် | a-pfoat
(1) ဖုတ်ထားသည့် အစာ | pfoat hta3-dthi1 a-sa1 - food that is roasted (ˈroʊsɾɪd 🔊) or baked (beɪkt 🔊), traditionally over မီးသွေး | mi3-dthway3 - the charcoal fire.
(2) ဖုတ်ခြင်း | pfoat jin3 - the act of roasting or baking.
(3) အစုလိုက်ပေါက်နေသော ဆံပင်၊ အမွေး၊ မွေးညင်း၊ မြက်ပင် | a-su1-lite pout nay2-dthau3 za1-bin2, a-hmway3, mway3-hnyin3, myet-pin2 - tuft of hair (ˈtəft 🔊) or grass (græs 🔊).
(4) [vulgar slang] မိန်းမကိုယ်ကိုခေါ်သော ညစ်ညမ်းစကား | main3-ma1-go2 go2 khau2-dthau3 nyit-nyan3 za1-ga3 - female genitals or female pubic hair.
