Myanmar English Dictionary
Vowel 'A'
အဖ - အဖီး - အဖူး - အဖေ - အဖော - အဖော် ရ - အဖို - အဖိုး တ - အဖက် - အဖတ် - အဖန် - အဖမ်း - အဖုံး - အဖျား - အဖျား ရ - အဖျော် - အဖျက် - အဖျဉ်း - အဖြာ - အဖြူ - အဖြေ - အဖြိုက် - အဖြစ် - အဖြည့် - အဖြုန်း - အဖွေး - အဖွင့် - အဘ - အဘီ - အဘေး - အဘိုး - အဘက် - အဘယ် - အဘွား - Back to Dictionary Main Menu-
အဖို | a-pfo2
(1) ပုလ္လိင်၊ အထီး | pone3-lain2, a-hti3 - male of the species.
(2) အသီးမသီးသည့် အဖိုပင် | a-thi3 ma1-thi3 dthi1 a-pfo2 bin2 - staminate plant.
(3) ကလေးမရနိုင်သည့် အမြုံ၊ မျိုးမပွားနိုင်သူ | kha1-lay3 ma1-ya1 nine2-dthi1 a-myone2, myo3-ma1-pwa3-nine2-dthu2 - barren woman; infertile ([UK] ɪnˈfɜː.taɪl [US] ɪnˈfɝː.t̬əl 🔊), infecund or sterile person, အပါအဝင် | a-pa2 a-win2 - including ယောကျ်ားအဖို | yout-kja3 a-pfo2 - a male experiencing အမျိုးသားဖိုမျိုးစေ့မြုံခြင်း | a-myo3-dtha3 pfo2 myo3-zay1 myone2 jin3 - male infertility (ɪnfərˈtɪlɪɾi 🔊).
(4) ဘက်ထရီအိုး၏ အပေါင်းလက္ခဏာပြသော အဖိုငုတ်တိုင် | bet-hta1-ri2-o3 e1 a-poun3 let-kha1-na2 pya1 dthau3 a-pfo2 ngoat-tine2 - positive terminal of a battery.
(5) စည်၏ အငယ်ပိုင်း မျက်နှာပြင် | si2 e1 a-ngeare2-bine3 myet-hna1-byin2 - smaller side of Myanmar traditional double-sided drum.
-
အဖိုဂမိ | a-pfo2 ga1-mi1 - [botany] male gamete.
-
အဖိုအမသဘာဝ | a-pfo2 a-ma1 dtha1-ba2-wa1 - sexuality.
-
အဖို့ | a-pfo1; a-pfo1
(1) a-pfo1 - အဖို့ဘာဂ | a-pfo-ba2-ga1.
(2) a-pfo1 - ဖို့၊ အတွက် | pfo1, a-twet - for.
-
အဖို့ဘာဂ | a-pfo-ba2-ga1 - ခွဲတမ်း၊ ဝေစု၊ ဝေပုံ၊ အတွက်ကျ | way2-zu1, way2-bone2, a-twet kja1, khweare3-dun3 - allotment; allotted portion; share; quota; ration; allocation.
-
အဖိုး | a-pfo3 - တန်ဖိုး | tan2-bo3 - price; value. [Note: grandfather is spelled အဘိုး | a-pfo3.
-
အဖိုးကြီး | a-pfo3 kji3 - ဈေးကြီးသည် | zay3 kji3 dthi2 - be expensive; be costly.
-
အဖိုးချို | a-pfo3 cho2 - ဈေးချိုသည် | zay3 cho2 dthi2 - be inexpensive; be affordable; be low-priced.
-
အဖိုးစားနား | a-pfo3 sa3-na3 - အဖိုးသားနား | a-pfo3 tha3-na3 - same as အဖိုး | a-pfo3.
