Myanmar English Dictionary
Vowel 'A'
အပ - အပါး အပု - အပူ တ - အပူ မ - အပေ - အပေး - အပေါ - အပေါ့ အပေါ် - အပေါ် ပ - အပို - အပိုး - အပေါက် - အပေါက် ဝ - အပင် - အပေါင် - အပေါင်း - အပိုင် - အပိုင်း - အပစ် - အပိတ် - အပန်း - အပပ် - အပုံ - အပယ် - အပျော့ အပျော် - အပျော် တ - အပျံ - အပျို - အပျို တ - အပျို ရ - အပျက် - အပျင်း - အပြာ - အပြား - အပြီး - အပြု - အပြေ - အပြေး - အပြော - အပြော စ - အပြက် - အပြင် အပြင်း - အပြောင် - အပြောင်း - အပြိုင် - အပြိုင်း - အပြစ် - အပြစ် ပ - အပြည် - အပြည်ပြည်ဆိုင်ရာ ပ - အပြည့် - အပြတ် - အပြန် - အပြန်အလှန် န - အပြန့် - အပွ - အပြွတ် - Back to Dictionary Main Menu-
အပြတ် | a-pyut
(1) ပြတ်သွားသည့် အရာ | pyut thwa3 dthi1 a-ya2 - something that has been cut off; severed, broken off; detached; torn off.
(2) ပြီးဆုံးပြတ်စဲသည့် အချိန်ကာလ | pyi3-hsone3 pyut-seare3 dthi1 a-chain2 ka2-la1 - discontinuance; break (of an activity, season of the year, etc..)
(3) ပစ္စည်းပြတ်လပ်မှု | pyit-si3 pyut-lut-hmu1 - out of supply; out of stock; shortage.
-
အပြတ်နိုင် | a-pyut nine2 - trounce; crush; beat by a big margin; vanquish.
-
အပြတ်ရှင်း | a-pyut shin3
(1) အကုန်ရှင်းပစ်သည် | a-kone2 shin3 pyit dthi2 - finish comsuming leftovers or what remains; get rid of something once and for all; make a clean sweep.
(2) ချေမှုန်းဖျက်ဆီးပစ်သည် | chay2-hmone3 pfyet-hsi3 pyit dthi2 - annihilate; completely wipe out; decimate.
-
အပြတ်အသတ် | a-pyut a-thut - by one-sided dominance; overwhelmingly defeat the other party by a large margin.
-
အပြတ်အသတ်နိုင် | a-pyut a-thut nine2 - trounce; crush; beat by a large margin or a huge margin.
-
အပြုတ် | a-pyoat; a-pyoat
(1) a-pyoat - ပြုတ်ထားသည့် အစားအစာ | pyoat hta3-dthi1 a-sa3 a-sa2 - boiled food (bɔɪld 🔊).
(2) a-pyoat - မီးပေါ်တွင် ရေနွေးဖြင့် ပြုတ်ခြင်း | mi3 pau2 dwin2 yay2-nway3 pfyin1 pyoat jin3 - a type of cooking method that involves boiling food (bɔɪlɪŋ 🔊).
(3) a-pyoat - အကုန်ပျက်စီးဆုံးရှုံးလျက် | a-kone2 pyet-si3 hsone3-shone3 lyet - completely wipe out. E.g., လူခိုးလျှင်အစုတ်ကျန်၊ မီးခိုးလျှင်အပြုတ်နှံ | lu2 kho3 hlyin2 a-soat kjan2, mi3 kho3 hlyin2 a-pyoat hnun2 - an expression which says when a burglar breaks into the house, you are still left with worn-out clothes, but when fire breaks out, everything is gone - completely gone.
-
အပြုတ်တိုက် | a-pyoat tite - ချေမှုန်းဖျက်ဆီးပစ်သည် | chay2-hmone3 pfyet-hsi3 pyit dthi2 - annihilate the enemy in a battle or war.
