Myanmar English Dictionary
Vowel 'A'
အပ - အပါး အပု - အပူ တ - အပူ မ - အပေ - အပေး - အပေါ - အပေါ့ အပေါ် - အပေါ် ပ - အပို - အပိုး - အပေါက် - အပေါက် ဝ - အပင် - အပေါင် - အပေါင်း - အပိုင် - အပိုင်း - အပစ် - အပိတ် - အပန်း - အပပ် - အပုံ - အပယ် - အပျော့ အပျော် - အပျော် တ - အပျံ - အပျို - အပျို တ - အပျို ရ - အပျက် - အပျင်း - အပြာ - အပြား - အပြီး - အပြု - အပြေ - အပြေး - အပြော - အပြော စ - အပြက် - အပြင် အပြင်း - အပြောင် - အပြောင်း - အပြိုင် - အပြိုင်း - အပြစ် - အပြစ် ပ - အပြည် - အပြည်ပြည်ဆိုင်ရာ ပ - အပြည့် - အပြတ် - အပြန် - အပြန်အလှန် န - အပြန့် - အပွ - အပြွတ် - Back to Dictionary Main Menu-
အပ | a-pa1
(1) ခြွင်းချက် | chwin3-jet - exception, usually preceded by the postpositional မှ | hma1 to mean "except". E.g., မောင်ဘမှအပ အားလုံး စာမေးပွဲအောင်ကြသည် | moun2-ba1 hma1 a-pa1 ah3-lone3 sa2-may3-bweare3 oun2 ja1 dthi2 - All passed the exam except Maung Ba.
(2) အပြင်ဘက် | a-pyin2-bet - exterior.
(3) သရဲ | tha1-yeare3 - ghost (goʊst 🔊).
-
အပထား | a-pa1 hta3 - “မပြောနဲ့” | ma1-pyau3 neare1 - “don't say that” တူညီသည် | tu2-nyi2 dthi2 - equivalent to put aside; let alone. E.g., ကားဝယ်စီးဖို့အပထား စက်ဘီးတောင်မဝယ်နိုင်ဘူး | ka3 weare2 si3 bo1 a-pa1 hta3 set-bain3 doun2 ma1-weare2 nine2 bu3 - I don't have money to buy a bicycle, lone alone a car.
-
အပဓာနကြိယာ | ah1 ba1-da2-na1 ka1-ri1-ya2 - [Pali] ကြိယာ | ka1-ri1-ya2 - nonessential verb in the အဖြည့်ပုဒ် | a-pfyay1 poat - dependent clause ဝါကျကိုအဆုံးသတ်ရန် အနည်းဆုံး သမ္ဗန္ဓနှင့် ကြိယာပုဒ် တစ်ခု လိုအပ်သည် | wet-kja1 go2 a-hsone3-thut yan2 a-neare3-zone3 thun2-bun2-da1 hnin1 ka1-ri1-ya2 poat ta1-khu1 lo2-ut dthi2 - that needs at least one conjunction and ကြိယာပုဒ် | ka1-ri1-ya2 poat or အဖြည့်ခံပုဒ် | a-pfyay1 khan2 poat - somewhat similar to the English independent clause ဝါကျကိုအဆုံးသတ်ရန် | wet-kja1 go2 a-hsone3-thut yan2 - to complete a sentence.
For example, In the sentence လိုရင်တောင်းပါ | lo2 yin2 toun3 ba2 - “Ask if you need it”, it is the first verb လို | lo2 in the အဖြည့်ပုဒ် | a-pfyay1 poat - dependent clause လိုရင် | lo2 yin2. The second verb တောင်း | toun3 is ပဓာနကြိယာ | ba1-da2-na1 ka1-ri1-ya2 - essential verb in ကြိယာပုဒ် | ka1-ri1-ya2 poat or အဖြည့်ခံပုဒ် | a-pfyay1 khan2 poat တောင်းပါ | toun3 ba2 to complete the sentence.
-
အပမှီ | a-pa1 hmi2 - ပူးကပ်ဝင်စားသည် | pu3-kut win2-za3 dthi2 - be possessed by မကောင်းဆိုးဝါး | ma1-koun3 hso3-wa3 - evil spirit.
-
အပယိက | a-pa1 yi1-ka1 - အပေါ်ယံဖြစ်သော | a-pau2-yan2 pfyit-dthau3 - superficial; trivial.
-
အပရဂေါယာန | a-pa1-ra1 gau3-ya2-na1 - [mythology] အနောက်ကျွန်း | a-nout-kjoon3 - Aparagodānīya, သစ်မာပင်ကြီးများ ပေါက်သော မြင်းမိုရ်တောင်၏ အနောက်ဘက်ကျွန်း | thit-ma2-bin2 ji3 mya3 pout dthau3 myin3-mo2 toun2 e1 a-nout-bet kjoon3 - an island to the west of mythical Mount Meru where a မျိုးစိတ် | myo3-zate - species (ˈspē-(ˌ)shēz 🔊) of သစ်မာပင်ကြီး | thit-ma2-bin2 ji3 - large hardwood trees called ထိမ်ပင် | htain2 bin - Nauclea parvifolia grow.
-
အပရစေတနာ | a-pa1-ra1 say2-da1-na2 - လှူဒါန်းကောင်းမှုများ ပြုလုပ်ခဲ့သည်ကို ပြည်လည်စဉ်းစားကာ ဝမ်းမြောက်ပီတိဖြစ်ခြင်း | hlu2-dun3 koun3-hmu1 mya3 pyu1-loat kheare1 dthi2 go2 pyan2-leare2 sin3-za3 ga2 woon3-myout pe2-ti1 pfyit jin3 - the feeling of joy in recalling charitable deeds that one has done.
-
အပရိဟာနိယ | ah1 pa1-ri1 ha2 ni1 ya1 - [Pali] တိုင်းပြည်တိုးတက်ကြီးပွားရန် မူ ခုနစ်ချက် | tine3-pyi2 toe3-tet kji3-pwa3 yan2 mu2 khoon2-hna1-jet - seven principles for prosperity of the country:
(1) တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေခြင်း | da1-zate ta1-woon3 deare3 pfyit say2 jin3 - building consensus. (2) စည်းလုံးညီညွတ်မှု | si3-lone3 nyi2-nyoot hmu1 - harmony among people. (3) ဥပဒေစိုးမိုးရေး | u1-ba1-day2 so3-mo3-yay3 - making new laws while maintaining the old. (4) ဆရာမိဘကိုရိုသေခြင်း | hsa1-ya2 mi1-ba1 go2 yo2-thay2 jin3 - respect for elders. (5) ကျား၊ မ တန်းတူညီမျှမှု | kja3 ma1 dun3-du2 nyi2-hmya1 hmu1 - gender equality (i-ˈkwä-lə-tē 🔊).
(6) ဓလေ့ထုံးစံ ထိန်းသိမ်း စောင့်ရှောက်မှု | da1-lay1 htone3-zun2 htain3-thain3 soun1-shout-hmu1 - upholding traditional values. (7) သာသနာပြန့်ပွားရေး | tha2-tha1-na2 pyan1-pwa3-yay3 - nurturing religion and moral righteousness.
-
အပလီ | a-pa1-li2
အပလိန်း | a-pa1-lain3 - မြှောက်ပင့်ပြောဆိုခြင်း | hmyout-pin1 pyau3-hso2 jin3 - flattery; blandishment.
-
အပလီအခရာ | a-pa1-li2 a-kha1-ya2 - ဥပါယ်တံမျဉ်၊ မူရာမာယာများခြင်း၊ ကောက်ကျစ်စဉ်းလဲမှု | u1-peare2 ta1-myin2 mu2-ya2 ma2-ya2 mya3 jin3, kout-kjit sin3-leare3 hmu1 - craftiness.
-
အပဥစ္စာ | a-pa1 oat-sa2 - ရွှေ၊ ငွေ၊ ရတနာ မဟုတ်သည့် အခြားသော ကိုယ်ပိုင်ပစ္စည်းဥစ္စာ | shway2, ngway2 ya1-da1-na2 ma1-hote-dthi1 a-cha3 dthau3 ko2-bine2 pyit-si3 oat-sa2 - belongings excluding money and [US] jewelry [UK] jewellery.
-
အပါဒါနကာရက | a-pa2-da2-na1 ka2-ra1-ka1
အပါဒါန် | a-pa2-dun2 - ablative case (æblədɪv keɪs 🔊) in Pali grammar တူညီသည် | tu2-nyi2 dthi2 - equivalent to ထွက်ခွာရာပြဝိဘတ် | htwet-khwa2-ya2-pya1 we1-but - postpositional marker "departure from" မှ၊ က | hma1, ga1 in မြန်မာသဒ္ဒါ | myan2-ma2 dtha1-da2 - Burmese grammar, one of ကာရက | ka2-ra1-ka1 - grammatical cases (ˈkās 🔊). [Read more about it.]
-
အပါအဝင် | a-pa2 a-win2 - mentioned item that is included (equivalent to the present participle "including" in English).
-
အပါး | a-pa3 - အနီး | a-ni3 - at the side of someone.
-
အပါးခို | a-pa3 kho2 - ခေါင်းရှောင်သည်၊ ခေါင်းတိမ်းသည် | goun3 shoun2 dthi2 goun3 tain3 dthi2 - shirk responsibility (ʃərk 🔊); avoid or evade responsibility; [UK] skulk (hide to shirk duty). [Also ခိုကတ် | kho2 kut; အချောင်ခို | a-choun2-kho2; အသက်သာခို | a-thet-tha2 kho2; ရေသာခို | yay2-dtha2 kho2; သက်သာခို | thet-tha2 kho2; ချောင်ခို | joun2 kho2.]
-
အပါးဆုံး | a-pa3 zone3
- thinnest (material).
-
အပါးတော်မြဲ | a-pa3 dau2 myeare3 - ဘုရင့်လက်ထက်က ကိုယ်ရေးအရာရှိ | ba1-yin1 let-htet ga1 ko2-yay3 a-ya2-shi1 - personal assistant; PA; Personal Staff Officer (PSO) during the monarchical times.
-
အပါးတင် | a-pa3 tin2
အပါးနှပ် | a-pa3 hnut - ကလိမ်ဉာဏ်သုံးပြီး ကိုယ်ကျိုးရှာသည် | ka1-lain2-nyan2 thone3 pyi3 ko2-jo3 sha2 dthi2 - be deceitful and self-seeking.
-
အပါးဝ | a-pa3 wa1
(1) အတွေ့အကြုံများသည် | a-tway1 a-kjone2 mya3 dthi2 - be experienced; have expertise.
(2) လူဝါးဝသည်၊ လူပါးဝသည် | lu2-ba3 wa1 dthi2 - be insolent and rude.
-
အပါးဝိုင်း | a-pa3 wine3 - အောက်ပိုင်းဝိုင်းပြီး အရည်အသွေးတောက်ပသည့် အကွက်များပါသော စိန်တုံး | out-pine3 wine3 pyi3 a-yay2 a-thway3 tout-pa1 dthi1 a-kwet mya3 pa2 dthau3 sain2-dome3 - round brilliant cut diamond (ˈdaɪ(ə)mənd 🔊).
