Myanmar English Dictionary
Vowel 'A'
အန - အနာ ဂ - အနာ ပ - အနာ မ - အနား - အနား ယ - အနိ - အနီး ဆ - အနု - အနု ပ - အနု မ - အနူး - အနေ - အနေ တ - အနော - အနော် - အနံ - အနံ့ သ - အနက် - အနောက် - အနောက် ဖ - အနဂ္ဃ - အနင်း - အနိုင် - အနိုင် ရ - အနစ် - အနိစ္စ - အနည် - အနည်း - အနိဋ္ဌာ - အနတ္တ - အနုတ် - အနန္တ - အနုပ် - အနိမ့် - အနွေး - အနွယ် - အနှာ - အနှေး - အနှံ - အနှံ့ - အနှောင် - အနှောင့် အ - အနှိုင်း - အနှစ် - အနှုန်း - အနှိပ် - အနှမ်း - Back to Dictionary Main Menu-
အနက် | a-net; a-net; a-net
(1) a-net - အဓိပ္ပာယ် | a-date-peare2 - definition; meaning.
(2) a-net - စောက် | zout - အတိမ်အနက် | a-tain2 a-net - depth (ˈdepth 🔊) below the baseline such as the surface of သမုဒ္ဒရာ | tha1-moat da1-ya2 - the ocean (ˈoʊ.ʃən 🔊); height above the baseline such as ပင်လယ်ရေမျက်နှာပြင် | pin2-leare2-yay2 myet-hna1-byin2 - sea level.
(3) a-net - အမည်းရောင် | a-meare3 youn2 - black color (blæk 🔊).
(4) a-net - ခွဲထုတ်ရာပြဝိဘတ် | khweare3-htoat-ya2-pya1 we1-but - postpositional marker that separates out and highlights an item. E.g., သတ္တုများအနက် သံမဏိသည် အမာဆုံးဖြစ်သည် thut-tu1 mya3 a-net thun2-ma1-ni1 dthi2 a-ma2 zone3 pfyit dthi2 - Steel is the hardest among all metals.
(5) a-net - a conjunction if the first clause is a complete sentence such as သတ္တုအများအပြားရှိသည် | thut-tu1 a-mya3 a-pya3 shi1 dthi2 - “there are many kinds of metals” and the second clause is also a complete sentence: သံမဏိသည် အမာဆုံးဖြစ်သည် | thun2-ma1-ni1 dthi2 a-ma2-zone3 pfyit dthi2 - “steel is the hardest”. E.g., သတ္တုအများအပြားရှိသည့်အနက် သံမဏိသည် အမာဆုံးဖြစ်သည် | thut-tu1 a-mya3 a-pya3 shi1-dthi1 a-net thun2-ma1-ni1 dthi2 a-ma2-zone3 pfyit dthi2 - out of all the metals available here, steel is the hardest of all. [Note: for general knowledge, Chromium is the hardest of all metal, and အစွန်းခံသံမဏိ | a-soon3-khan2 thun2-ma1-ni1 - stainless steel (ˌsteɪnlɪs stil 🔊) is သတ္တုစပ် | thut-tu1 zut - an alloy of သံ | thun2 - iron ([US]ˈaɪərn [UK]ˈaɪən 🔊) and ခရိုမီယမ် | kha1-ro2-mi2-yan2 - Chromium (ˈkroʊmiəm 🔊) plus other ဓာတုဒြပ်စင် | da2-du1 drut-sin2 - chemical elements (ˌkɛməkəl ˌɛləmənt 🔊) such as နီကယ် | ni2-keare2 - nickel (ˈnɪkəl 🔊) and ကာဗွန် | ka2-boon2 - carbon (ˈkär-bən 🔊). On the other hand, steel is a better choice for explanation purpose as in သံမဏိလူသား | thun2-ma1-ni1 lu2-dtha3 - “Man of Steel”.]
-
အနက်ကောက် | a-net kout - အဓိပ္ပာယ်ကောက်သည် | a-date-peare2 kout dthi2 - interpret the meaning of.
-
အနက်ခွ | a-net khwa1 - အဓိပ္ပာယ် မသဲမကွဲဖြစ်သည် | a-date-peare2 ma1-theare3 ma1-kweare3 fyit dthi2 - the meaning of a word or a sentence to be ambiguous; unclear or equivocal. For example, ကျယ်တယ် | kjeare2 deare2 - could mean either "the room is spacious" or "the sound is loud".
-
အနက်ဆုံး | a-net-zone3
- deepest.
-
အနက်ပြန် | a-net pyan2 - ဘာသာပြန်သည် | ba2-dtha2 pyan2 dthi2 - translate.
-
အနက်ပွား | a-net pwa3 - စကားလုံး၏ အခြားသော အဓိပ္ပာယ်များ | za1-ga1-lone3 e1 a-cha3 dthau3 a-date-peare2 mya3 - extended meaning (ɛkˈstɛndɪd ˈminɪŋ 🔊).
-
အနက်ဖော် | a-net pfau2 - အဓိပ္ပာယ်ကို သဘောပေါက်စေရန် ရှင်းပြသည် | a-date-peare2 go2 dtha1-bau3 pout say2 yan2 shin3 pya1 dthi2 - elucidate; explain in detail.
-
အနက်ဖွင့် | a-net pfwin1 - စကားလုံး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုသည် | za1-ga1-lone3 e1 a-date-peare2 go2 pfwin1-hso2 dthi2 - define.
-
အနက်ရောင် | a-net-youn2 - အမည်းရောင် | a-meare3 youn2 - black color (blæk 🔊).
-
အနက်ရောင်ခွံမာကျိုင်း | a-net-youn2 khoon2-ma2 kjiine3 - Alissonotum impressicolle; black beetle (ˈbidl 🔊).
-
အနက်အဓိပ္ပာယ် | a-net a-date-peare2 - meaning; definition.
-
အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း | a-net a-date-peare2 pfwin1-hso2-jin3 - interpretation.
