Myanmar English Dictionary
Vowel 'A'
အန - အနာ ဂ - အနာ ပ - အနာ မ - အနား - အနား ယ - အနိ - အနီး ဆ - အနု - အနု ပ - အနု မ - အနူး - အနေ - အနေ တ - အနော - အနော် - အနံ - အနံ့ သ - အနက် - အနောက် - အနောက် ဖ - အနဂ္ဃ - အနင်း - အနိုင် - အနိုင် ရ - အနစ် - အနိစ္စ - အနည် - အနည်း - အနိဋ္ဌာ - အနတ္တ - အနုတ် - အနန္တ - အနုပ် - အနိမ့် - အနွေး - အနွယ် - အနှာ - အနှေး - အနှံ - အနှံ့ - အနှောင် - အနှောင့် အ - အနှိုင်း - အနှစ် - အနှုန်း - အနှိပ် - အနှမ်း - Back to Dictionary Main Menu-
အနု | a-nu1
(1) နူးညံ့သည့် အရာ၊ ပျော့ပျောင်းသည့်အရာ၊ ချောမွတ်သည့် အရာ၊ | nu3-nyan1 dthi1 a-ya2, pyau1-byoun3 dthi1 a-ya2, chau3-moot dthi1 a-ya2 - something delicate, refined, tender and smooth, the opposite of အကြမ်း | a-kjan3.
(2) နူးညံ့ခြင်း၊ ချောမွတ်ခြင်း၊ ပျော့ပျောင်းခြင်း | nu3-nyan1-jin3, chau3-moot jin3, pyau1-byoun3 jin3 - the quality of being soft, smooth and tender; softness; smoothness; tenderness.
(3) မရင့်သေးသည့် အသီး | ma1-yin1 thay3 dthi1 a-thi3 - fruit that has not ripen yet, for example, သရက်သီးစိမ်း | tha1-yet-thi3 zain2 - green mango.
(4) အသက်ငယ်ငယ်ရွယ်ရွယ်၊ အတွေ့အကြုံရင့်ကျက်မှု မရှိသေးသည့်သူ | a-thet ngeare2-ngeare2 yweare2-yweare2, a-tway1 a-kjone2 yin1-kjet-hmu1 ma1-shi1 thay3 dthi1 dthu2 - someone who has not reached maturity; fledgling; someone young (jəŋ 🔊), inexperienced, naive, callow, green as opposed to ဝါရင့်သူ | wa2 yin1 dthu2 - an old-timer.
-
အနုကြမ်း | a-nu1-jan3 - တိတ်တိတ်ဆိတ်ဆိတ် ဓားပြတိုက်မှု | tate-tate hsate-zate da1-mya1 tite hmu1 - quiet armed robbery (ɑrmd ˌrɑbəri 🔊), a kind that အိမ်နီးနားချင်းများပင် မသိလိုက်ပေ | ain2-ni3 na3-jin3 mya3 pin2 ma1-thi1 lite pay2 - even neighbors are not aware of.
-
အနုကြမ်းစီး | a-nu1-jan3 si3 - ဓားပြတိုက်သည် | da1-mya1 tite dthi2 - commit အနုကြမ်း | a-nu1-jan3 တိတ်တဆိတ် အိမ်ထဲဝင်လာပြီးနောက် | tate ta1-hsate ain2 hteare3 win2 la2 pyi3 nout - after stealthy house break-in (ˈbrāk-ˌin 🔊).
-
အနုစာပေ | a-nu1 sa2-pay2 - ရသစာပေ | ya1 tha1 sa2-pay2 - fiction for pure pleasure of reading (ˈrē-diŋ 🔊).
-
အနုစိတ် | a-nu1-zate - အသေးစိတ် | a-thay3-zate - in artistic details (ɑrˈtɪstɪk dɪˈteɪl 🔊).
-
အနုဆေး | a-nu1 zay3 - ပီယဆေး | pe2-ya1 zay3 - love potion.
-
အနုဆုပ် | a-nu1-zoat - round-shaped sweet snack (swit snæk 🔊) made of လှော်ထားသည့်ဆန် | hlau2 hta3 dthi1 hsun2 - roasted and parched rice grains (ˈrīs ˈgrān 🔊), မြေပဲ | myay2-beare3 - [US] peanut (ˈpē-(ˌ)nət 🔊); [UK] groundnut and ထန်းလျက် | hta1-nyet - jaggery (ˈʤægəri 🔊) rolled into balls. [Note: there are variations in ingredients.]
-
အနုဇာတ | a-nu1 za2-ta1 - [Pali] မိဘနှင့်တူညီသော ပင်ကိုအရည်အချင်းရှိသောသူ | mi1-ba1 hnin1 tu2-nyi2 dthau3 pin2-go2 a-yay2 a-chin3 shi1-dthau3 dthu2 - a person with inborn talents equal to his parents.
-
အနုညာတ | a-nome2 nya2-ta1; a-nome2 nya2-ta1 [Pali]
(1) အညတရ | in-nyet ta1-ra1 - [Pali] ထင်ပေါ်ကျော်ကြားခြင်း မရှိသည့် သာမညလူသား | htin2-pau2 kjau2-kja3-jin3 ma1-shi1-dthi1 tha2-myin2-nya1 lu2-dtha3 - commoner; nobody; unknown person; mediocre, ordinary, or average person.
(2) a-nome2 nya2-ta1 - တရားခံနှင့် တရားလို နှစ်ဦးနှစ်ဖက် သဘောတူ ရွေးချယ်ထားသော (တရားသူကြီး) | ta1-ya1-khan2 hnin1 ta1-ya1-lo2 hna1-u3 hna1-pfet dtha1-bau3-tu2 yway3-cheare2 hta3-thau3 (ta1-ya3 dthu2-ji3) - (arbitrator) chosen by mutual agreement of litigants.
(3) a-nome2 nya2-ta1 - သဘောတူချက်၊ ခွင့်ပြုချက်ရထားသော | dtha1-bau3-tu2-jet, khwin1-pyu1-jet ya1 hta3 dthau3 - that which is given a green light.
-
အနုညာတခုံရုံး | a-nome2 nya2-ta1 khone2-yone3 - Court of Arbitration (ˈɑrbəˌtreɪʃən 🔊).
-
အနုဋီကာ | a-nu1 ti2-ga2 - ဋီကာချဲ့ကာ အသေးစိတ်ရှင်းလင်းခြင်း | ti2-ga2 cheare1 ga2 a-thay3-zate shin3-lin3 jin3 - even more detailed explanation; further elaboration on ဋီကာကျမ်း | ti2-ga2 kjan3 - more detailed explanation of အဋ္ဌကထာ | ut-hta1 ka1-hta2 - [Pali] Aṭṭhakathā, commentaries in Buddhist Scripture, which itself is the မူလ | mu2-la1 - original ပါဠိ | pa2-li1 - Pali language (ˈpä-lē 🔊) ရှင်းလင်းချက် | shin3-lin3 jet - clarification or explanation by senior monks on ပိဋကတ်သုံးပုံ | be1-da1-gut thone3-bone2 - [Pali] Tipitaka, the three baskets of Buddhist doctrines. [Read more about it.]
-
အနုထေရ် | a-nu1 htay2 - ဆယ်ဝါမပြည့်သေးသော ရဟန်းငယ် | hseare2-wa2 ma1-pyay1 thay3 dthau3 ya1-hun3 ngeare2 - junior monk (ˈjün-yər 🔊) with less than ten years of monkhood.
-
အနုတင် ချန်ဗီရာကူလ် | a-nu1-tin2 chan2-ve2-ra2-ku2 (l)
အနုထင် ချာဝီရကွန် | a-nu1-htin2 cha2-we2-ra1-koon2
အနုထင် ချန်ဗီရာကူလ် | a-nu1-htin2 chan2-ve2-ra2-ku2 (l) - Anutin Charnvirakul, the 32nd ဝန်ကြီးချုပ် | woon2-ji3 joat - Prime Minister of ထိုင်းနိုင်ငံ | htine3 nine2-ngan2 - Thailand (ˌtaɪˈlænd 🔊) since September 2025.
-
အနုနည်း | a-nu1 ni3 - ငြိမ်းချမ်းသိမ်မွေ့စွာ ဆွေးနွေးအဖြေရှာသည့် နည်းလမ်း | nyain3-chan3 thain2-mway1 zwa2 hsway3-nway3 a-pfya2-sha2 dthi1 ni3-lun3 - peaceful means, tactful way or method such as talks and negotiations to get what one wants or to find a workable solution, as opposed to အကြမ်းနည်း | a-kjan3 ni3 - use of force, violence and rough handling.
