Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကွင်း | a-kwin3 - အဝိုင်းပုံသဏ္ဌာန်ရှိသော အရာ | a-wine3 pone2-dtha1-dun2 shi1 dthau3 a-ya2 - ring-shaped object such as ပန်းကုံး | pan3-gome3 - a garland (ˈɡɑːr.lənd 🔊); a ring (ˈriŋ 🔊); hoop (ˈhüp 🔊); circle (ˈsərkəl 🔊).
-
အကွင်းသား | a-kwin3-dtha3 - အထင်းသား | a-htin3-dtha3; ထင်ရှားပေါ်လွင်စွာ | htin2-sha3 pau2-lwin2 zwa2 - clearly in view; in clear view; obviously; plainly in view; in plain view.
-
အကွင်းအခြည် | a-kwin3 a-chi2 - လက်ဝတ်တန်ဆာ | let-woot da1-za2 - bracelets and bangles (ˈbæŋ.ɡəl 🔊).
-
အကွန့် | a-koon1 - လေများခြင်း | lay2 mya3 jin3 - verbosity; wordiness.
-
အကွန့်တက် | a-koon1 tet - ဆင်ခြေတက်သည် | hsin2-jay2 tet dthi2 - give an excuse.
-
အကွပ် | a-koot
(1) စောင်၊ ဖျာ၊ တောင်းစသည်တို့၏ အနားကိုကွပ်ထားသည့် အရာ | soun2, pfya2, toun3 sa1 dthi2-doh1 e1 a-na3 go2 koot hta3 dthi1 a-ya2 - hem of blankets (ˈhem 🔊), mats, etc. as in the Burmese saying: တောင်းမှာအကွပ်၊ လူမှာအဝတ် | toun3 hma2 a-koot lu2 hma2 a-woot - hem shows the quality of a basket, just like clothes make the man.
(2) လှည်းဘီးခွင် (တံကူ) | hleare3-bain3 gwin2 (da1-gu2) - rim (rɪm 🔊) of a လှည်းဘီး | hleare3-bain3 - cartwheel (ˌkɑrtˈwil 🔊) onto which a strip of iron plate is wrapped around in place of a tire.
(3) အလှကွပ်ထားသည့်အရာ | a-hla1 koot hta3-dthi1 a-ya2 - decorative covering or ornamentation such as a shield boss (ˈbȯs 🔊) or roof boss.
(4) [archaic] ရှေးခေတ်က စစ်သည်များကို ကွပ်ကဲသူ | shay3 khit ga1 sit-thi2 mya3 go2 koot keare3 dthu2 - တပ်ကြပ် | tut kjut - corporal who supervises တပ်သားများ | tut tha3 mya3 - troops in the old days.
-
အကွပ်အညှပ် | a-koot a-hnyut - [archaic] ကွပ်ကဲမှုစစ်ဌာနချုပ် | koot-keare3-hmu1 sit hta2-na1 joat - Command and Control.
-
အကွယ် | a-kweare2
(1) တစ်ခုခု၏ အနောက်ဘက်တွင် ကွယ်နေခြင်း | ta1-khu1-gu1 e1 a-nout-bet dwin2 kweare2 nay2 jin3 - a state of being hidden behind something (bi-ˈhīnd 🔊)
(2) သူတစ်ပါးနောက်ကွယ် | thu2-da1-ba3 nout-kweare2 - behind someone's back.
-
အကွယ်အကာ | a-kweare2 a-ka2
(1) same as အကွယ် | a-kweare2.
(2) လက်ဖွဲ့၊ ပယောဂ အဆောင်အယောင် | let pfweare1, pa1-yau3-ga1 a-hsoun2-a-youn2 - talisman (ˈtalɪzmən 🔊); amulet (ˈæm.jə.lət 🔊); charm (tʃɑrm 🔊).
