Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကျ | a-kja1; a-kja1
(1) a-kja1 - အပေါ်မှကျလာခြင်း | a-pau2 hma1 kja1 la2 jin3 - fall (ˈfȯl 🔊); drop (ˈdräp 🔊).
(2) a-kja1 - ဆုတ်ယုတ်ကျဆင်းမှု | hsoat-yoat kja1 hsin3 hmu1 - descent; decline in စီးပွားရေး | si3-bwa3-yay3 - economy (iˈkɑnəmi 🔊), ပြည်တွင်းအသားတင်ထုတ်လုပ်မှု (ဂျီဒီပီ) | pyi2-dwin3 a-dtha1-din2 htoat-loat-hmu1 (ji2-de2-pe2) - Gross Domestic Product (ˌɡroʊs dəˌmes.tɪk ˈprɑː.dʌkt 🔊); GDP, စသည်တို့ | sa1 dthi2 doh1 - etc..
(3) a-kja1 - စာမေးပွဲကျခြင်း | sa2-may3-bweare3 kja1 jin3 - failure in exams.
(4) a-kja1 - တိုက်ပွဲတွင်ကျဆုံးမှု | tite-pweare3 dwin2 kja1 hsone3 hmu1 - war casualty; killed in action (KIA).
(5) a-kja1 - သဒ္ဒါနက် (မူလရှိရင်းစွဲ အဓိပ္ပါယ်) | dtha1-da2-net (mu2-la1 shi1-yin3-zweare3 a-date-peare2) - literal meaning of a word, as opposed to ဥပစာ | u1-ba1-za2 - ရူပကအလင်္ကာ | yu2 pa1-ka1 a-lin2-ga2 - metaphor; figure of speech; trope; simile; allegory; analogy; allusion.
(6) a-kja1 - စာ၊ စကားကို မိမိလိုရာဆွဲ၍ အဓိပ္ပါယ်ကောက်ခြင်း | sa2 za1-ga3 go2 mi1-mi1 lo2 ya2 hsweare3 yway1 a-date-peare2 kout jin3 - intentional misinterpretation; twisting words.
(7) a-kja1 - တစ်ပတ်နွမ်း | da1-but noon3; တစ်ပတ်ရစ် | da1-but yit - second-hand item.
(8) a-kja1 - ပုံနှိပ်အမှား | pone2-hnate a-hma3 - misprint with missing word(s).
(9) a-kja1 - တစ်ပြုံကြီး ရောက်လာခြင်း | da1-byone2 ji3 yout la2 jin3 - inflex of people, pest, etc..
(10) a-kja1 - ကျကျနန | kja1 ja1 na1 na1 - properly; elegantly.
(11) a-kja1 - တိတိကျကျ၊ အတိအကျ | ti1-de1 kja1-ja1, a-ti1 a-kja1 - exactly; in precise manner; definitely; precisely.
-
အကျကောက် | a-kja1 kout
(1) ဥပစာ၊ ရူပကအလင်္ကာမသုံးဘဲ အတိအကျ အဓိပ္ပါယ်ကောက်သည် | u1-ba1-za2 yu2 pa1-ka1 a-lin2-ga2 ma1-thone3 beare3 a-ti1 a-kja1 a-date-peare2 kout dthi2 - take literal meaning; interpretation of the exact word to the letter rather than figuratively.
(2) စာ၊ စကားကို ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ကောက်သည် | sa2 za1-ga3 go2 ko2 lo2 ya2 hsweare3 pyi3 a-date-peare2 kout dthi2 - deliberately twist words.
-
အကျနာ | a-kja1 na2 - ထိခိုက်ဆုံးရှုံးမှုများသည် | hti1-khite hsone3-shone3-hmu1 mya3 dthi2 - suffer a downfall or tremendous loss.
-
အကျနေ့ | a-kja1 nay1 - သင်္ကြန်ကျသည့်နေ့ | thin3-jan2 kja1 dthi1 nay1 - the first day of Thingyan Water Festival. [Note: သင်္ကြန် | thin3-jan2 - Water Festival celebrations start on April 13th အကြိုနေ့ | a-kjo2 nay1 - the eve, followed by အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ | a-kja1 nay1, a-kjut nay1, a-tet nay1 on April 14th, 15th and 16th. မြန်မာနှစ်သစ်ကူး | myan2-ma2 hnit-thit-ku3 - Myanmar New Year, also called နှစ်ဆန်းတစ်ရက်နေ့ | hnit-hsun3 ta1-yet-nay1 နှစ်စဉ်ကျရောက်သည် | hnit-sin2 kja1 yout dthi2 - falls on April 17th every year, which may be on different date each year on မြန်မာပြက္ခဒိန် | myan2-ma2 pyet-ga1-dain2 - Myanmar Calendar (ˈmjænmɑ ˈkæləndər 🔊).]
-
အကျရည် | a-kja1 yay2
(1) ထန်းရည် | htan3 yay2 - palm sap (pɑ(l)m sæp 🔊).
(2) ကျကျဖျော်ထားသည့် လက်ဖက်ရည် | kja1 ja1 pfyau2 hta3 dthi1 la1 pfet yay2 - tea brew (ˈbrü 🔊). [Watch this video.]
-
အကျအဆုံး | a-kja1 a-hsone3 - တိုက်ပွဲတွင်ကျဆုံးမှု | tite-pweare3 dwin2 kja1 hsone3 hmu1 - casualties (ˈkæʒ.uː.əl.ti 🔊) of war and conflicts.
-
အကျအန | a-kja1 a-na1; a-kja1 a-na1
(1) a-kja1 a-na1 - ကျကျနန | kja1 ja1 na1 na1 - stylishly (ˈstaɪ.lɪʃ.li 🔊).
(2) a-kja1 a-na1 - တိတိကျကျ၊ အတိအကျ၊ ဂဃနဏ | ti1-de1 kja1-ja1, a-ti1 a-kja1, ga1 ga1 na1 na1 - exactly; precisely; clearly; distinctly; definitely.
(3) a-kja1 a-na1 - အရည်အသွေးနိမ့် အကြွင်းအကျန် အစအနများ | a-yay2 a-thway3 nain1 a-kjwin3 a-kjan2 a-sa1 a-na1 mya3 - inferior remnants and flakes.
(4) a-kja1 a-na1 - ပုံနှိပ်အမှား | pone2-hnate a-hma3 - misprint with missing word(s).
(5) a-kja1 a-na1 - ကိုယ်လုံး အချိုးကျခြင်း၊ မကျခြင်း | ko2-lone3 a-cho3-kja1 jin3 ma1-kja1 jin3 - body shape, which is either shapely (ˈʃeɪpli 🔊) or out of shape.
-
အကျား | a-kja3 - အစင်း | a-sin3 - striped pattern (straɪpt ˈpædərn🔊).
