Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကျိအချွဲ | a-kji1 a-chweare3 - အချွဲအကျိ | a-chweare3 a-kji1 - slimy stuff (slaɪmi stəf 🔊).
-
အကျေအလည် | a-kjay2 a-leare2
(1) လုံးစေ့ပတ်စေ့ | lone3-zi1 pup-zi1 - thoroughly; fully (discussed till consensus is reached).
(2) အကြွေးကျေအောင် | a-kway3 kjay2 oun2 - (pay) in full amount.
-
အကျဲသား | a-kjeare3-dtha3 - ဖြစ်နိုင်ခြေနည်းစွာ | pfyit-nine2-jay2 neare3 zwa2 - unlikely.
-
အကျောကြီးနှင့် | a-kjau3-ji3 hnin1 - အပေါ်စီးမှ မျက်နှာထားကြီးနှင့် | a-pau2-zi3 hma1 myet-hna1-hta3 ji3 hnin1 - snobbishly; patronizingly; condescendingly.
-
အကျောပေး | a-kjau3 pay3 - အသာပေးသည် | a-tha2 pay3 dthi2 - give a handicap in a game or a race.
-
အကျော် | a-kjau2
(1) Aquilaria malaccensis; Aquilaria agallocha, a မျိုးစိတ် | myo3-zate - species (ˈspē-(ˌ)shēz 🔊) of သစ်မွှေးထွက်သည့်အပင် | thit-hmway3 htwet dthi1 a-pin2 - tree that produces fragrant agarwood (ˈa-gər-ˌwu̇d 🔊).
(2) agarwood (ˈa-gər-ˌwu̇d 🔊); aloewood (al·oe·wood), မွှေးကြိုင်သော အစေးပါသည့် သစ်သား | hmway3-kjine2-dthau3 a-say3 pa2 dthi1 thit-tha3 - fragrant, resinous heartwood produced by Aquilaria malaccensis tree. [Also သစ်မွှေး | thit-hmway3.]
(3) အကျော်အမော် | a-kjau2 a-mau2.
(4) ပထမကျော် | pa1-hta1-ma1 jau2 - အမြင့်ဆုံးအဆင့် ပထမပြန်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ | a-myin1-zone3 a-hsin1 pa1-hta1-ma1-byan2 sa2-may3-bweare3 dwin2 a-hmut a-mya3-zone3 ya1 shi1 dthu2 - the person who gets the highest score in ပထမကြီး | pa1-hta1-ma1 ji3 - the highest class of ပထမပြန်စာမေးပွဲ | pa1-hta1-ma1-byan2 sa2-may3-bweare3 - စာမေးပွဲ | sa2-may3-bweare3 - exams on the ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ | boat-da1 ba2-dtha2 sa2-pay2 kjan3-gun2 mya3 - Buddhist scriptures (ˈskrip(t)-shər 🔊).
(5) လှေကားထစ်၏ အရှေ့ဘက်အပိတ် | hlay2 ga1-dit e1 a-shay1-bet a-pate - riser (raɪzər 🔊), front enclosure of a လှေကားထစ် | hlay2 ga1-dit - tread (trɛd 🔊).
-
အကျော်ဇေယျ | a-kjau2 zay2-ya1 - ကျော်ကြားမှု | kjau2-kja3-hmu1 - fame; stardom.
-
အကျော်တစော | a-kjau2 da1-zau3 - နေရာအနှံ့၊ ပြည်တွင်း ပြည်ပ၌ “မြန်မာကျော်” “ကမ္ဘာကျော်” အဖြစ် လူသိများလျက် | nay2-ya2 a-hnun1 pyi2-dwin3 pyi2-pa1 hnite “myan2-ma2-jau3” “ga1-ba2-jau2” a-pfyit lu2-dthi1 mya3 lyet - widely; nationally; internationally ('known', 'acclaimed' in reference to someone famous).
-
အကျော်အမော် | a-kjau2 a-mau2 - နာမည်ကြီးသူ | nun2-meare2-kji3 dthu2 - famous person (ˈfeɪməs 🔊); ဆယ်လီ | hseare2-li2 - a celebrity ([US] səˈlɛbrədi [UK] səˈlɛbrɛti 🔊); ရုပ်ရှင်ကြယ်ပွင့် | yoat-shin2 kjeare2-bwin1 - a movie star (ˌmuvi stɑr 🔊); ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ် | htin2-sha3 kjau2-kja3 dthau3 poat-go2 - a renowned person.
-
အကျော့ | a-kjau1 - အကြိမ် | a-kjain2 - round as in ဒုတိယအကျော့ | du1-ti1-ya1 a-kjau1 - second round.
