Myanmar English Dictionary
Vowel 'A'
အ - အက - အကာ - အကု - အကူး - အကဲ - အကော် - အကိုး - အကောက် - အကိုက် - အကင် - အကင်း - အကောင် - အကောင်း - အကောင်း ဘ အကောင်း မ - အကိုင် - အကိုင်း - အကတ် - အကိတ် - အကန့် - အကန်း - အကုန် - အကပ် - အကယ် - အကျ - အကျား - အကျိ - အကျဲ - အကျော် - အကျိုး - အကျိုး စ အကျိုး ဆ - အကျိုး ထ - အကျိုး သ - အကျောက် - အကျင့် - အကျင့် ပ အကျင့် ဖ - အကျဉ် - အကျဉ်း - အကျဉ်း ဆ - အကျည်း - အကျိတ် - အကျန် - အကျပ် - အကျုံး - အကျယ် - အကြာ - အကြား - အကြီး - အကြေ - အကြေး - အကြော - အကြော ပ - အကြော် - အကြံ - အကြံ ပ - အကြံ မ - အကြံ အ - အကြို - အကြိုး - အကြောက် - အကြိုက် - အကြင် - အကြောင် - အကြောင့် - အကြောင်း - အကြောင်း စ အကြောင်း ဆ - အကြောင်း ပ - အကြောင်း မ - အကြောင်း ရ - အကြည် - အကြည့် - အကြတ် - အကြပ် - အကြမ်း - အကြမ်းပ အကြမ်းဖ - အကြိမ် - အကြိမ်း - အကွာ - အကွေး - အကွဲ - အကွက် - အကွက် စ အကွက် ဆ - အကွင်း - အကွယ် - အကျွေး - အကျွန် - အကျွမ်း - အကြွား - အကြွေ - အကြွေး - အကြွင်း - Back to Dictionary Main Menu-
အကပ် | a-kut
(1) ကပ်ပြီးကျန်ရစ်နေသည့် အကြွင်းအကျန် | kut pyi3 kjan2-yit nay2-dthi1 a-kjwin3 a-kjan2 - residue ([UK] rez.ɪ.dʒuː [US]ˈrez.ə.duː 🔊). The word ကပ် | kut implies that the residue 'sticks' (adhere) to the surface. For example, အိုးကပ် | o3 gut means the remnant of the food sticking to the cooking pot after scooping it out, forming a crust or a layer. Such a layer will be seen when cooking eggplant dish in cooking method known as ခရမ်းသီးအိုးကပ်ချက် | kha1-yan3-dthi3 o3-gut chet. [Also see အကျန် | a-kjan2.]
(2) အထက်လူကြီးကို ပြေးကပ်ခြင်း | a-htet lu2-ji3 go2 pyay3 kut jin3 - the act of approaching someone in authority to gain favor; someone in authority who can grant such a [US] favor [UK] favour.
(3) သင်္ဘော၊ လှေ စသည်တို့ ကမ်းကပ်ခြင်း | thin3-bau3 hlay2 sa1 dthi2-doh1 kun3 kut jin3 - သင်္ဘော | thin3-bau3 - a ship (ˈship 🔊), a vessel or လှေ | hlay2 - a boat (boʊt 🔊) to approach docking area.
-
အကပ်ကောင်း | a-kut koun3; a-kut koun3
(1) a-kut koun3 - လိုတရစေရန် အထက်လူကြီးကို လက်ဆောင်ပဏ္ဏာထိုးကာ ကောင်းမှုကုသိုလ် လုပ်ဆောင်သည် | lo2 ta1 ya1 say2 yan2 a-htet lu2-ji3 go2 let-hsoun2 pa1-na2 hto3 ga2 koun3-hmu1 ku1-dtho2 loat-hsoun2 dthi2 - be skillful at approaching a government official to gain favor.
(2) a-kut koun3 - ၎င်းအထက်လူကြီး | la1-goun3 a-htet lu2-ji3 - such a "good-to-approach" government official.
-
အကပ်ခံ | a-kut khan2
(1) ဆက်ကပ်သည့် ဆွမ်းကိုလက်ခံသည် | hset-kut dthi1 hsoon3 go2 let-khan2 dthi2 - monk to accept alms (ˈä(l)mz 🔊).
(2) ရန်သူကို (အနီးကပ်ပစ်ရန်) အနီးသို့ ချဉ်းနင်းဝင်ရောက်စေသည် | yan2-dthu2 go2 (a-ni3-gut pyit yan2) a-ni3 dtho1 chin3-nin3 win2-yout zay2 dthi2 - let the enemy approach within the close range (to shoot).
-
အကပ်အရပ် | a-kut a-yut - same as
အကပ်ကောင်း | a-kut koun3 - a "good-to-approach" government official.
-
အကပ်အသပ် | a-kut a-thut - same as အကပ် | a-kut in the sense of residue ([UK] rez.ɪ.dʒuː [US]ˈrez.ə.duː 🔊).
-
အကမ်း | a-kun3 - အကျွေးအမွေး၊ အခမ်းအနား လူစုလူဝေးပွဲများတွင် ပေးကမ်းလှူဒါန်းသည် | a-kjway3 a-mway3 a-khan3 a-na3 lu2-zu1 lu2-way3 pweare3 mya3 dwin2 pay3-kun3 hlu2-dun3 dthi2 - gifts given away at social gathering.
-
အကမ်းအလှမ်း | a-kun3 a-hlun3
(1) နောင်တစ်ကြိမ်တွင် စေ့စပ်ဆွေးနွေးရန် စတင်ချဉ်းကပ်ပြောဆိုခြင်း | noun2 da1-jain2 dwin2 say1-zut hsway3-nway3 yan2 sa1 tin2 chin3-kut pyau3-hso2 jin3 - making of an initial approach or overture for further negotiation.
(2) same as အကမ်း | a-kun3.
-
အကယ် | a-keare2 - in reality; really, more commonly spoken as တကယ် | da1-geare2.
-
အကယ်တည့် | a-keare2-ti1
အကယ်တန္တု | a-keare2 tan2-du1
အကယ်၍ | a-keare2-yway1 - if.
-
အကယ်ဒမီ | a-keare2-da1-mi2
အကယ်ဒမီဆု | a-keare2 da1-mi2 hsu1 - Myanmar version of Academy Awards (əˌkædəmi əˌwɔrd 🔊); the Oscar. [Also မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | myan2-ma1 yoat-shin2 htu3-joon2 hsu1.]
a-keare2 da1-mi2 Academy Award winning (actor, movie, etc.).
-
အကယ်ဒမီမီးလင်းရွှေ | a-keare2-da1-mi2 mi3-lin3 shway2 - also called အခေါက်ရွှေ | a-khout shway2, folded gold foil of high quality or purity of about 99.9 per cent gold, and less commonly called ဆယ်မူးရည် | hseare2 mu3 yay2. It is the maximum ၁၆ ပဲရည် | hseare1-chout peare3-yi2 in quality equivalent to about 24K gold. The common jewelry are ၁၃ ပဲရည် - 13 out of 16 in Myanmar, which is equivalent to 20K gold, and ၁၂ ပဲရည် - 12 out of 16 or 75% - (18K gold, 18 karat; carat).
