The Free Online Burmese Lessons

Learn Myanmar Language, History & Culture

Burmese Buddhist Prayer Au3 Ka2 Tha1 with Script

Back to Buddhist Literature in Burmese

Paying Respect (ကန်တော့လွှာ)
Burmese Script Romanization Meaning
ဩကာသ၊ ဩကာသ၊ ဩကာသ au3-ka2-tha1, au3-ka2-tha1, au3-ka2-tha1 the existential World
ကာယကံ၊ ဝစီကံ၊ မနောကံ ka2-ya1-kun2, wa1-zi2-kun2, ma1-nau3-kun2 actions by body, speech, and thoughts
သဗ္ဗဒေါသ thut-ba1 dau3-dtha1 all kind of anger
ခပ်သိမ်း သော khut thain3 dthau3 all inclusive of
အပြစ်တို့ကို a-pyit doh1 go2 sins; misdeeds
ပျောက်ပါစေခြင်း pyout ba2 zay2 jin3 for the cessation of
အကျိုးငှာ a-kjo3 hnga2 as a result
ပထမ၊ ဒုတိယ၊ တတိယ pa1-hta1-ma1, du1-ti1-ya1, tut-ti1-ya1 first, second, third
တစ်ကြိမ်၊ နှစ်ကြိမ်၊ da1-jain hna1-kjain2 one time, two time
သုံးကြိမ်မြောက်အောင် thone3-jain2 myout oun2 and the third time
ဘုရား ရတနာ၊ pfa1-ya3 ya1-da1-na2 The Buddha (Gem)
တရား ရတနာ၊ ta1-ya3 ya1-da1-na2 the Universal Law; the Dhamma (Gem)
သံဃာ ရတနာ thun2-ga2 ya1-da1-na2 Order of Monks (Gem)
ရတနာမြတ်သုံးပါး တို့ကို ya1-da1-na2 myut thone3 ba3 doh1 go2 to the above Triple Gems
အရိုအသေ a-yo2 a-thay2 respectfully
အလေးအမြတ် a-lay3 a-myut with heavy considerations
လက်အုပ်မိုး၍ let-oat mo3 yway1 with both palms raised up together
ရှိခိုး shit-kho3 to pay homage
ပူဇော် pu2-zau2 to make offerings
ဖူးမြော် pfu3-hmyau2 pilgrimage; to look up from the lower place
မာန်လျှော့ mun2-shau1 to lower the level of conceit & pride
ကန်တော့ပါ၏ ga1-dau1 ba2 e1 worship is done
အရှင်ဘုရား။ a-shin2 pfa-ya3 Venerable Lord
Making Wishes (ဆုတောင်း)
Burmese Script Romanization Meaning
ကန်တော့ရသော ga1-dau1 ya1 dthau3 worship that leads to
အကျိုးအားကြောင့် a-kjo3 ah3 joun1 as consequences
အပါယ်လေးပါး၊ a-peare2 lay3 ba3 the four lower realms
ကပ်သုံးပါး၊ kut thone3 ba3 the three calamities
ရပ်ပြစ်ရှစ်ပါး၊ yut-pyit shit pa3 the 8 existence where Nibbana cannot be realized
ရန်သူမျိုးငါးပါး၊ yan2-dthu2 myo3 nga3 ba3 the five enemies
ဝိပ္ပတ္တိတရားလေးပါး၊ wait-pup-ti1 ta1-ya3 lay3 ba3 the four worlds of destructions & imperfections
ဗျသနတရားငါးပါး တို့မှ bya1-tha1-na1 ta1-ya3 nga3 ba3 doh1 hma1 from the 5 destructions of fortune & righteousness
အခါခပ်သိမ်း a-kha2 khut-thain3 all time
ကင်းလွတ် kin3 loot to be exempted
ငြိမ်းသည်သာဖြစ်၍ nyain3 dthi2 dtha2 pfyit yway1 the only way to cessation
မဂ်တရား၊ met ta1-ya3 Vehicle of Insight meditation leading to Nibbana
ဖိုလ်တရား၊ pfo2 ta1-ya3 the fruit of meditation
နိဗ္ဗာန်တရားတော်မြတ်ကို nate-bun2 ta1-ya3 dau2 myut go2 Nibbana - deathless state
ရပါလို၏ ya1 ba2 lo2 e1 wish to obtain
အရှင်ဘုရား။ a-shin2 pfa1-ya3 Venerable Lord

ရုပ်ဟူသမျှ၊ မသိကြ၊ သိက နာမ် ခေါ်လေ။ လူနတ်ဗြဟ္မာ၊ သူငါမဟုတ်၊ နာမ်နှင့်ရုပ်၊ မုချ ဉာဏ်မြင်စေ။
ယုံကြည်-ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ အမှန်ပင် မဂ်ရ ကြောင်း။ ။

(မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တစ်ဘဝ သာသနာ ၊ အရှင်ဃောသိတ)

အပါယ်လေးပါး

ချမ်းသာမရှိ၊ ဒုက္ခအတိဖြစ်သော ဘုံ။ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)

ကပ်သုံးပါး

၁။ သတ္ထန္တရကပ် (သတ်ထန်ဒရာ့ကတ်) - လက်နက်ဘေးကြောင့် သေကျေပျက်စီးသောကပ်
၂။ ရောဂန္တရကပ် (ရောဂန်ဒရာ့ကတ်) - ရောဂါဘေး ဆိုက်သော ကာလ
၃။ ဒုဗ္ဘိက္ခန္တရကပ် (ဒုတ်ဗိတ်ခန်ဒရာ့ကတ်) - အစာ ငတ်မွတ်ခေါင်းပါးသောကပ်

ရပ်ပြစ်ရှစ်ပါး

နိဗ္ဗာန် မဂ်ဖိုလ် မရနိုင်သော ဘဝဖြစ်တည်မှု ရှစ်မျိုး

၁။ ငရဲဘုံ၌ ဖြစ်ခြင်း
၂။ တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း
၃။ ပြိတ္တာဘုံ၌ ဖြစ်ခြင်း
၄။ အသညသတ်ဘုံ၊ အရူပဘုံတို့၌ ဖြစ်ခြင်း
၅။ ပစ္စန္တရစ်ခေါ် သာသနာမရှိသောအရပ်၌ ဖြစ်ခြင်း
၆။ မိစ္ဆာဒိဋ္ဌိအယူမှားခြင်း
၇။ သုဂတိ အဟိတ် ပဋိသန္ဓေ နေခြင်း (မွေးရာပါ ကန်းခြင်း၊ ပင်းခြင်း၊ ဆွံ့အခြင်း၊ ရူးသွပ်ခြင်း စသည်)
၈။ တိဟိတ် ဖြစ်သော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ ဖြစ်ခြင်း

ရန်သူမျိုးငါးပါး

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ။

ဝိပ္ပတ္တိတရားလေးပါး

၁။ ဂတိဝိပတ္တိ - အပါယ်ဘုံတည်း ဟူသော ပျက်သောဂတိ၌ဖြစ်ခြင်း
၂။ ဥပဓိဝိပတ္တိ - ခြေလက်အင်္ဂါပျက်သော ခန္ဓာရှိခြင်း
၃။ ကာလဝိပတ္တိ - ကပ်သုံးပါးနှင့်ကြုံလျက် ပျက်သောကာလ၌ဖြစ်ခြင်း
၄။ ပယောဂဝိပတ္တိ - ပျက်သော လုံ့လရှိခြင်း

ဗျသနတရားငါးပါး

၁။ ဉာတိဗျသန - အဆွေအမျိုး ပျက်စီးခြင်း
၂။ ဘောဂ ဗျသန - စီးပွား ပျက်စီးခြင်း
၃။ ရောဂ ဗျသန - အနာရောဂါ နှိက်စက်၍ ပျက်စီးခြင်း
၄။ သီလ ဗျသန - အကျင့်သီလ ပျက်စီးခြင်း
၅။ ဒိဋ္ဌိ ဗျသန - မှန်ကန်သော အယူဝါဒ ပျက်စီးခြင်း

မဂ်တရား

ကိလေသာ (စိတ်ကို ညစ်ညူးစေတတ်၊ ပူပန်စေတတ်သော တရား) ကို ပယ်၍ နိဗ္ဗာန်ကို အာရုံပြုနိုင်သော လမ်းကြောင်း။

ဖိုလ်တရား

မဂ်၏အကျိုး။

နိဗ္ဗာန်တရား

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ